သီးသန့်charger ဝယ့်ရမှာပါ

ငါးမိနစ်လောက် အားသွင်းတာနဲ့၅ နာရီအထိ အားခံနိုင်မယ့် Qualcomm ရဲ့ ဘက်ထရီနည်းပညာကို အိန္ဒိယမှာ ရောင်းချသွားမယ့် Xiaomi Mi A2 ဖုန်းတွေမှာ ပါဝင်လာတော့မှာပါ။



[No available link text] 

Xiaomi ဟာ ဒုတိယမြောက် Android One ဖုန်းဖြစ်တဲ့ Mi A2 ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး အိန္ဒိယဈေးကွက်က လွဲရင် Quick Charge 3.0 ပဲ သုံးသွားမှာ ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တစ်ခုတည်းပဲ သုံးနိုင်မယ့် Quick Charge 4.0 ဟာ သာမန်အားသွင်းမှုထက် ၄ ဆပိုမို မြန်ဆန်ပြီး အားသွင်းစဉ် အပူချိန်တက်မှုကို လျှော့ချပေးနိုင်မှာပါ။

Mi A2 ဟာ Qualcomm ရဲ့ Snapdragon 660 processor ကို သုံးထားတာ ဖြစ်လို့စတုတ္တမျိုးဆက် Quick Charge 4.0 အတွက် ပံ့ပိုးပေးနိုင်ပေမယ့် နိုင်ငံတကာဈေးကွက်မှာ Quick Charge 3.0 အထိပဲ ဆော့ဖ်ဝဲလ်နဲ့ကန့်သတ်ထားတာပါ။ အိန္ဒိယဈေးကွက်မှာတော့ Quick Charge 4.0 ကို Xiaomi Mi A2 မှာ သုံးဖို့အတွက် သီးသန့်Quick Charge 4.0 charger ဝယ်ရမှာ ဖြစ်ပါတယ်။

တရုတ်ဈေးကွက်မှာ Xiaomi Mi 6X နာမည်နဲ့ထွက်ထားပြီး နိုင်ငံတကာဈေးကွက်အတွက် Google ရဲ့ stock android version ဖြစ်တဲ့ pure Android 8.1 Oreo နဲ့လာတဲ့ Xiaomi Mi A2 ဟာ 18:0 screen ဒီဇိုင်း မျက်နှာပြင် ၆ လက်မ သုံးထားတာပါ။ display မှာ အကြမ်းခံတဲ့ Corning Gorilla Glass 5 အုပ်ထားပြီး အရင်နှစ် Mi A1 ထက် ပိုပြီး ပါးလွှာလာပါတယ်။ 

ကျောဘက်မှာ fingerprint scanner နဲ့အတူ ထောင်လိုက် 12MP + 20MP dual cameras များ ပါရှိပြီး ရှေ့ဆယ်လ်ဖီကင်မရာကိုတော့ AI Portrait များ သုံးနိုင်တဲ့ 20MP ကင်မရာ သုံးထားတာပါ။ OS စနစ်ပိုင်းမှာ Google ရဲ့ security patch နဲ့updates များ ပုံမှန် တင်ပေးနေမှာ ဖြစ်ပြီး အနည်းဆုံးု ၂ နှစ်အထိ ပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။

photo: Indian Express

 

Mi A2 ကို စပိန်ဈေးကွက်မှာ RAM 4GB/32GB storage မော်ဒယ်ကို ပေါင် ၂၅၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) နဲ့ RAM 4GB/64GB storage ကို ပေါင် ၂၈၀ (မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) သတ်မှတ်ထားပြီးRAM 6GB/128GB storage ကို ပေါင် ၃၅၀ (မြန်မာငွေ ၆ သိန်း) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က