အိန္ဒိယမှာ 'စေတနာ့ဝန်ထမ်း နွားကင်းသမား' တိုက်ခိုက်မှုများ မြင့်တက်ဖြစ်ပွားနေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ကျွဲနွားခိုးယူရန် ကြိုးပမ်းသူတွေလို့ သံသယရှိသူ အမျိုးသားသုံးဦးကို လူအုပ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး သတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(အသတ်ခံသူတွေရဲ့ ဆွေမျိုးများ) (Photo: Reuters)

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သောကြာနေ့ (ဇူလိုင် ၁၉ ရက်) မနက်ပိုင်းက ဘီဟာပြည်နယ်မှာ ကုန်တင်ကားတစ်စီးပေါ်ကို ကျွဲတစ်ကောင်နဲ့ နွားပေါက်လေးတစ်ကောင် တင်ဆောင်ရန်ကြိုးပမ်းနေတဲ့ အမျိုးသားသုံးဦးကို ရွာသားတွေက တွေ့ရှိသွားပြီး ကျွဲနွားသူခိုးတွေအဖြစ် သံသယရှိကာ ဖမ်းဆီးခဲ့ကြကြောင်း သိရပါတယ်။



ယခုဖြစ်ရပ်ဟာ ဘာသာရေးကိုးကွယ်မှု မတူညီတဲ့ လူနည်းစုတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားတွေကြား အထိတ်တလန့် ဖြစ်နေကြရတဲ့ 'စေတနာ့ဝန်ထမ်း နွားကင်းသမား' တိုက်ခိုက်မှုများ မြင့်တက်နေမှုအတွင်း နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်လာပါတယ်။ ဟိန္ဒူတွေက နွားများဟာ အလေးအမြတ်ထားစရာအဖြစ် ရှုမြင်ကြပြီး ဘာသာရေးအရ ၎င်းတို့ကို သတ်ခြင်းကို တားမြစ်ထားပါတယ်။

(အသတ်ခံရသူတွေရဲ့ ဆွေမျိုးများကို ရဲအရာရှိနဲ့အတူ တွေ့ရစဉ်) (Photo: Reuters)

ယမန်နေ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် လူအုပ်စုဖြင့် တရားလက်လွတ်စစ်ဆေး သတ်ပစ်မှုနဲ့ ဆက်နွယ်နေတဲ့ ရွာသားသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယမှာ ထိုကဲ့သို့ လူအုပ်စုဖြင့် အကြမ်းဖက်မှုတွေကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က လုံလောကတဲ့ ကိုင်တွယ်ဆောင်ရွက်မှု မရှိကြောင်း ဝေဖန်သူတွေက စွပ်စွဲထားကြပါတယ်။

BJP ပါတီ အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်မှစပြီး အလားတူ လူအုပ်စုဖွဲ့ တိုက်ခိုက်မှုတွေကြောင့် လူဦးရေ ဒါဇင်အချို့ သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာခဲ့ပါတယ်။ သို့သော် ထိုသို့ လုပ်ရပ်တွေကို ပြစ်မှုထင်ရှားစီရင်မှုဟာ လက်တစ်ဆုပ်စာမျှသာ ရှိခဲ့ကြောင်းလည်း သိရပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ထိုသို့ တိုက်ခိုက်မှုတွေကို လူသိရှင်ကြား ရှုတ်ချပြောဆိုမှု အလျင်အမြန် သို့မဟုတ် ပြင်းပြင်းထန်ထန် မရှိခဲ့တာကြောင့် ဝေဖန်ခံနေတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က