ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ကွင်းလယ်လူ ငြိမ်းချမ်းအောင်ကို ပြန်လည်ခေါ်ယူထားပါတယ်။

မြန်မာအသင်းရဲ့ စခန်းသွင်းလေ့ကျင့်မှုကိုတော့ ဒီကနေ့ စက်တင်ဘာ ၂၅ က စတင်ပြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကာဂျစ်အသင်းနဲ့ ကစားမယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပဏာမ ကစားသမားစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ အဓိက အသင်းခေါင်းဆောင် ဂိုးသမား ကျော်ဇင်ထက်ကို ချန်လှပ်ခဲ့တာတွေ့ရပါတယ်။



မြန်မာအသင်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကာဂျစ်အသင်းနဲ့ လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာ ကာဂျစ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားရမှာပါ။



ပြီးခဲ့တဲ့ ခြေစစ်ပွဲ ၂ပွဲမှာတော့ မွန်ဂိုလီးယားကို ၁-ဝ၊ဂျပန်ကို ၂-၀ တို့နဲ့ အရေးနိမ့်ခဲ့ပြီး ဂျပန်နဲ့ပွဲမှာတော့ ကျော် ဇင်ထက်ကို အနားပေးကာ ကျော်ဇင်ဖြိုးကို ဖမ်းစေခဲ့ပါတယ်။

နည်းပြ ရာဂျူလိုဗစ်အနေနဲ့ ဒီတစ်ခေါက် ပဏာမစာရင်းမှာ ထိုင်းကလပ်တွေမှာ ကစားနေတဲ့ ကစားသမား ၄ ဦး အနက် ၃ ဦးသာ ဆက်လက်ခေါ်ဆောင်လာခဲ့ပြီး ဆာမတ်ဆာခွန်မှာ ကစားနေတဲ့ သန်းထက်အောင်တော့ ထပ် မံ ပါဝင်လာခြင်း မရှိပေ။

ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ခေါက်က ပါဝင်ခဲ့တဲ့ ရတနာပုံနောက်ခံလူ သိန်းသန်းဝင်းလည်း ပြန်လည်ပါဝင်လာခြင်း မရှိတော့ပဲ ဝင်းမိုးကျော်၊ငြိမ်းချမ်းအောင်နဲ့ ဒွေးကိုကိုချစ်တို့ စတင်ပါဝင်လာခဲ့ပါတယ်။

ကျော်ဇင်ထက်ကတော့ မနေ့က ကစားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းမှာ ရန်ကုန်အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က