ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားသူပါ။

အင်တာမီလန်နည်းပြသစ် ကွန်တီဟာ လာမယ့်ရာသီအတွက် ၎င်းရဲ့အသင်းလူစာရင်းထဲမှာ ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီကို မရှိစေချင်ကြောင်း အားကစားဂျာနယ်လစ် ဖက်ဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။

အင်တာမီလန်အသင်းဟာ နည်းပြ စပယ်လက်တီကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ၂၀၁၇-၂၀၁၈ ရာသီကုန်ကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ချယ်ဆီးနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။



ကွန်တီဟာ ဂျူဗင်တပ်အသင်းကိုလည်း နည်းပြခဲ့ဖူးသူဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက် စီးရီးအေဖလား ၃ ကြိမ်ရယူပေးခဲ့တဲ့အတိုင်း အင်တာမီလန်အသင်းအတွက် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ အသင်းပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Sky Sports သတင်းထောက် ဖက်ဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ ကွန်တီဟာ အသင်းမှာ ဆက်လက်ရှိနေလိုကြောင်း ပြောကြားထားတဲ့ ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီကို အသင်းကနေ ရောင်းထုတ်ချင်နေကြောင်း သိရပါတယ်။

အီကာဒီဟာ ပုဂ္ဂိုလ်ရေးပြဿနာအချို့နဲ့ ဒဏ်ရာပြဿနာတွေရှိနေပေမယ့်လည်း အင်တာမီလန်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

အီကာဒီဟာ ဂျူဗင်တပ်၊ ရိုးမား၊ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့ လက်ရှိအချိန်မှာ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး အီကာဒီရဲ့ ကွင်းပြင်ပ လှုပ်ရှားသွားလာမှုတွေကြောင့် ကွန်တီက အသင်းမှာ ဆက်မရှိနေစေချင်တာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

အင်တာမီလန်အသင်းဟာ လက်ရှိအချိန်အထိ ကြီးမားတဲ့ကစားသမားခေါ်ယူမှု တစ်ခုမှ မပြုလုပ်ရသေးဘဲ လူကာကူ၊ ဆန်းချက်ဇ်၊ ဒီယေဂိုဂိုဒင်စတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က