ဆာရီဘောလို့ အမည်ရတဲ့ကစားကွက်ကို လှောင်ပြောင်ခဲ့ကြတာပါ။

ယနေ့နံနက် ၂ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းပရိသတ်တွေဟာ နည်းပြ ဆာရီကို ‘အလကားဆာရီဘော’လို့ အော်ဟစ်ခဲ့ကြပြီး ‘ခင်ဗျား ဘာလုပ်နေတယ်ဆိုတာ ခင်ဗျား မသိပါဘူး’လို့ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။



စတန်းဖို့ဒ်ဘရစ်ဂျ်က အိမ်ကွင်းပရိသတ်တွေဟာ ကိုဗာဆစ်ကို ထုတ်ပြီး ဘာကလေကို ထည့်သွင်းကစားစေခဲ့တဲ့အချိန်ကစပြီး နည်းပြ ဆာရီကို လှောင်ပြောင်ခဲ့ကြပြီး ဆာရီဟာ ယင်းကွင်းလယ်ကစားသမား ၂ ဦးကို ယခုရာသီမှာ အကြိမ် ၂၀ မြောက် အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချယ်ဆီးအသင်းပရိသတ်တွေဟာ အသင်းရဲ့ဂန္တဝင်ကစားသမား ဖရန့်လမ်းပတ် ပြန်လာဖို့ အော်ဟစ်တောင်းဆိုခဲ့ကြပြီး ယူနိုက်တက်ပရိသတ်တွေကတော့ နှစ်သင်းစလုံးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ မော်ရင်ဟို နာမည်ကို ဟာသဖောက်ပြီး အော်ဟစ်ခဲ့ကြတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာရဲရား၊ ပေါ့ဂ်ဘာတို့ရဲ့သွင်းဂိုးတွေနဲ့ အက်ဖ်အေဖလား လက်ရှိချန်ပီယံ ချယ်ဆီးအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ချယ်ဆီးအသင်းဟာ နောက်ဆုံးလိဂ်ပွဲစဉ် ၅ ပွဲမှာ ရှုံးပွဲ ၃ ပွဲအပြင် အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က