ခြေကျင်းဝတ်ဒဏ်ရာကြောင့် လာကာဇက်အနားယူရတော့မှာပါ။

ဒီရာသီမှာ အာဆင်နယ်အတွက် ၃ပွဲပါဝင်ကစားပေးထားပြီးတော့ ၂ဂိုးသွင်းပေးထားတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဘယ်ခြေထောက်ခြေကျင်းဝတ်ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။


အာဆင်နယ်အသင်းတိုက်စစ်မှူးလာကာဇက်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အောက်တိုဘာလအထိ ကစားနိုင်တော့မှာမဟုတ်ဘူးလို့ အာဆင်နယ်အသင်းက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်အတွက် ၃ပွဲပါဝင်ကစားပေးထားပြီးတော့ ၂ဂိုးသွင်းပေးထားတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဘယ်ခြေထောက်ခြေကျင်းဝတ်ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီအတွက် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဝက်ဖို့ဒ်နဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပြီးတော့ ဖရန့်ဖတ်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်၊ အဲဒီနောက်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို လွဲချော်လိမ့်မယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ လာကာဇက် ဒဏ်ရာရရှိသွားခဲ့လို့ အာဆင်နယ်တိုက်စစ်ပိုင်းမှာ စီနီယာတိုက်စစ်မှူးအဖြစ် အော်ဘာမီယန်တစ်ဦးတည်း ရှိနေတော့မှာဖြစ်ပါတယ်။

"ခြေကျင်းဝတ်ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့အတွက် အနားယူဖို့လိုအပ်တယ်လို့ ကျွန်တော်တို့ အကြံပြုခဲ့ပါတယ်၊ ဒီဒဏ်ရာရရှိနေရက်နဲ့ သူက အသင်းအတွက်ကစားပေးခဲ့တာပါ၊ သူ့အနေနဲ့ အောက်တိုဘာလမှ အသင်းအတွက် ပြန်ကစားပေးနိုင်ပါလိမ့်မယ်" လို့ အာဆင်နယ်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

လာကာဇက်ကတော့ ၂၀၁၇ မှာ လိုင်ယွန်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၉၁ ပွဲကစားပေးခဲ့ပြီး ၃၈ ဂိုး သွင်းယူပေးထားသူဖြစ်ပါတယ်။ အူနိုင်းအမ်မရီအတွက ်အားထားရတဲ့ တိုက်စစ်မှူးအဖြစ် လာကာဇက်က ရပ်တည်နိုင်ခဲ့ပေမယ့်လည်း မကြာခဏဆိုသလို ဒဏ်ရာပြသနာတွေကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က