သူ့အနာဂတ်ကို ရာသီကုန်မှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

လူကာကူဟာ ၂၀၁၇ ခုနှစ်မှာ မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့အတူ ယူနိုက်တက်ကို ပေါင် (၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပွဲပေါင်း (၉၀)မှာ (၄၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူကာကူရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားဟာ ရာသီကုန်မှာ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖွယ်ရှီတယ်လို့ ပြောဆိုလိုက်ပါတယ်။ လူကာကူဟာ ၂၀၁၇ ခုနှစ်မှာ မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့အတူ ယူနိုက်တက်ကို ပေါင် (၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပွဲပေါင်း (၉၀)မှာ (၄၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

လူကာကူနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်ဟာ (၃)နှစ်အထိ ကျန်ရှိနေသေးသလို နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့အတွက်လည်း သဘောတူညီမှု ရယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားအတွက် ကိုယ်စားပြုပြီး ဆောင်ရွက်ပေးနေတဲ့ ဖက်ဒရီကိုပက်စတိုရီလိုက အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲပြောသွားခဲ့ပါတယ်။

"လက်ရှိအချိန်မှာတော့ သူက ရာသီကုန်မှာ အကောင်းဆုံးရပ်တည်နိုင်ဖို့ကိုပဲ အာရုံစိုက်နေပါတယ်၊ အင်္ဂလန်မှာက အဆင့် (၃)၊ (၄)နေရာရဖို့အတွက်တောင် အရမ်းခက်ခဲပါတယ်၊ ရာသီကုန်မှာတော့ သူ့ရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကိ ုစောင့်ကြည့်ရပါမယ်၊ ဒါကသူ့အတွက် ယူနိုက်တက်ကစားသမားဘ၀ ဒုတိယမြောက်ရာသီပါ"

"အသင်းနဲ့အတူ စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေပါသေးတယ်၊ သူက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ ဘောလုံးကစားပုံ ကွာခြားမှုတွေကို နှစ်သက်မြတ်နိုးသူပါ၊ သူ့ရဲ့ ကစားသမားဘဝကို မတူညီတဲ့ နိုင်ငံတွေမှာ ကစားဖို့လည်း သူက စိတ်ဝင်စားနေပါတယ်၊ ဘာလို့လဲဆိုတော့ သူက ဆုဖလားတွေရယူချင်နေပြီး သက်သေပြချင်နေသူပါ"

"ကလေးဘဝကတည်းက သူက ဒီမှာ အနိုင်ရခဲ့တယ်၊ ဒီမှာလည်း အနိုင်ရခဲ့တယ်၊ ဒီမှာလည်းအနိုင်ရခဲ့တယ်ဆိုပြီး ထိပ်တန်းလိဂ်အားလုံးမှာ သူက ကစားသမားကောင်းတစ်ဦးဖြစ်တယ်ဆိုတာကို သက်သေပြချင်၊ ပြောဆိုချင်နေခဲ့တာပါ၊ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူ့အနာဂတ်နဲ့

ပတ်သက်ပြီး မဆွေးနွေးချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီရာသီရဲ့အရေးအကြိးဆုံးအချိန်ကို ရောက်နေလို့ပါ" လို့ ပက်စတိုရီလိုက Sky Sports News ကို ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က