Tesla ပစ္စည်းတွေကို Dogecoin နဲ့ ဝယ်နိုင်မယ်တဲ့

Tesla လျှပ်စစ်ကားကုမ္ပဏီ CEO အီလွန်မတ်စ်ဟာ Cryptocurrency လောကမှာလည်း စတားပါပဲ။

မတ်စ်ဟာ Cryptocurrency ဘက်မှာ စိတ်ဝင်စားတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ဦးဖြစ်ပြီး Twitter လူမှုကွန်ရက်ပေါ်မှာလည်း Cryptocurrency နဲ့ ပတ်သက်တဲ့ Tweet တွေ ရေးတင်လေ့ရှိပါတယ်။ သောကြာနေ့မှာတော့ သူဟာ Tesla ပစ္စည်းတွေကို Meme အခြေခံ Cryptocurrency တစ်ခုဖြစ်တဲ့ Dogecoin နဲ့ ပေးဝယ်နိုင်မယ်လို့ Twitter မှာ ကြေညာခဲ့ပါတယ်။





"Tesla ကုန်ပစ္စည်းတွေကို Dogecoin နဲ့ ဝယ်နိုင်ပြီ" လို့ Tweet တင်လိုက်ပြီး ဒီ Tweet တက်လာပြီးနောက် Dogecoin ဈေးနှုန်းဟာ ၁၈% အထိ ခုန်တက်လာခဲ့တယ်လို့ CNN သတင်းက ဖော်ပြလိုက်ပါတယ်။ 


သူ့ရဲ့ Tweet တစ်ကြောင်းကြောင့် Dogecoin ဟာ ၀.၂၀ ဒေါ်လာကျော်အထိ တက်လာခဲ့တယ်လို့ Coindesk အချက်အလက်တွေက ဖော်ပြထားပါတယ်။ ဒီဇင်ဘာလလယ်လောက်ကလည်း Dogecoin နဲ့ ငွေပေးချေမှု စမ်းသပ်သွားမယ့်အကြောင်း ပြောချိန်ကလည်း ဒီ Cryptocurrency ဟာ ၂၀% ကျော် တက်သွားခဲ့ဖူးပါတယ်။ Dogecoin ကို Crypto လို့ ခေါ်တဲ့ Tweet အပါအဝင် မတ်စ်ရေးလိုက်တဲ့ Cryptocurrency အကြောင်း Tweet တွေကြောင့် ၂၀၂၁ ခုနှစ်ထဲမှာ Dogecoin ဟာ ၄၀၀၀% ခန့်အထိ မြင့်တက်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ အပြောင်အပျက်ကနေ စတင်ခဲ့တဲ့ Dogecoin ဟာ လက်ရှိမှာ ဈေးကွက်တန်ဖိုး ဘီလျံ ၅၀ ကျော် တန်ပြီး CoinGecko ရဲ့ ဈေးကွက်တန်ဖိုးအမြင့်ဆုံး Cryptocurrency များ စာရင်းမှာ အမှတ်စဉ် ၁၁ နေရာက ရပ်တည်နေပါတယ်။ 

Share

Loading Next Article...
က္က