သူ့ပိုင် ကုမ္ပဏီလုပ်ငန်းတွေမှာ သုံးသွားဖို့ ရှိပါတယ်

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဟာ တက္ကဆက်ပြည်နယ်မှာ ကိုယ်ပိုင် Private လေဆိပ်တစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

Austonia က ရတဲ့ သတင်းအရင်းအမြစ်တွေအရ အီလွန်မတ်စ်ဟာ တက္ကဆက်ပြည်နယ်မှာ ကိုယ်ပိုင် Private လေဆိပ်တစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြနေပါတယ်။ လေဆိပ်စီမံကိန်းနေရာကို အော်စတင်အရှေ့ဘက် Bastrop နားမှာ ဆောက်လုပ်ဖို့ အတည်ပြုထားတယ်လို့ ပြောထားတာ ရှိပေမယ့် နေရာအတိအကျနဲ့ လုပ်ငန်းစတင်မယ့်အချိန် မသိရသေးပါဘူး။ 




တက္ကဆက်ပြည်နယ်မှာ မတ်စ်ပိုင် SpaceX ၊ Boring Company တို့ ရှိပါတယ်။ Tesla ရုံးချုပ်ကိုလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ဆီလီကွန်တောင်ကြားကနေ တက္ကဆက်ကို ပြောင်းရွှေ့ထားတာပါ။ အီလွန်မတ်စ်နဲ့ သူ့ကုမ္ပဏီတွေဟာ Giga Texa ကားစက်ရုံအတွက် ဧက ၂၁၀၀ အပါအဝင် တက္ကဆက်အလယ်ပိုင်းမှာ ဧကပေါင်း ထောင်နဲ့ချီတဲ့ မြေတွေ ပိုင်ဆိုင်ပါတယ်။ မကြာသေးခင် နှစ်တွေကပဲ SpaceX နဲ့ Boring Company တို့ဟာ မြေတွေဝယ်ယူခဲ့ပါတယ်။ 

အီလွန်မတ်စ်ပိုင် လေဆိပ်အကျယ်အဝန်းကို မသိရသေးပေမယ့် အနားက Austin Executive Airport ဟာ ဧကပေါင်း ၅၈၅ ဧက အထိ ရှိပါတယ်။ တက္ကဆက်မှာ ဆောက်မယ့် Private လေဆိပ်ဟာ သူ့ပိုင် ကုမ္ပဏီလုပ်ငန်းတွေမှာ အသုံးပြုသွားဖို့လည်း ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က