မတ်စ်ကို အမှားပြင်ပေးတဲ့ အင်ဂျင်နီယာကို အလုပ်ဖြုတ်ခဲ့တာပါ

လူမှုကွန်ရက်ပေါ်မှာ Twitter ပိုင်ရှင်သစ်ကို ဝေဖန်ခဲ့တဲ့ ဝန်ထမ်းတွေကို Twitter ကုမ္ပဏီက အလုပ်ထုတ်လိုက်ပါတယ်။

Twitter သူဌေးအီလွန်မတ်စ်ဟာ လွတ်လပ်စွာပြောဆိုခွင့်ကို အကြွင်းမဲ့ယုံကြည်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် တင်စားပြောလေ့ရှိပြီး Twitter ကိုလည်း လွတ်လပ်စွာ ပြောဆိုရေးပလက်ဖောင်းအဖြစ် ပြောင်းမယ်လို့ ကြွေးကြော်ပြီး ဝယ်ယူခဲ့တာပါ။ ဒါပေမယ့်လည်း သူ့လုပ်ရပ်ကို ဗြောင်ဝေဖန်တဲ့ Twitter ဝန်ထမ်းတွေကတော့ အလုပ်ပြုတ်ကုန်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မတ်စ်ဟာ သူ့ရဲ့ Tweet တွေကို အမှားပြင်ပေးသူတွေ နဲ့ ကုမ္ပဏီရဲ့ Slack ချန်နယ်တွေထဲမှာ သူ့ခေါင်းဆောင်မှုကို ဝေဖန်တဲ့သူတွေကို အလုပ်ဖြုတ်ခဲ့တယ်လို့ ဆိုပါတယ်။ 




Photo : hindustantimes

Engadget သတင်းအရ ဝန်ထမ်းထောင်ချီ အလုပ်ဖြုတ်ခံရမှုမှာ ပါမသွားတဲ့ Twitter ဝန်ထမ်း အနည်းဆုံး ၃ ဦးဟာ သူတို့ရဲ့သူဌေးသစ်ကို ဝေဖန်ခဲ့တာကြောင့် အလုပ်ပြုတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Twitter ကို အီလွန်မတ်စ် ဝယ်လိုက်ပြီးနောက်မှာ ကုမ္ပဏီဝန်ထမ်းအင်အားရဲ့တစ်ဝက်လောက် အလုပ်ဖြုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ကို ဝေဖန်ခဲ့လို့ အလုပ်ပြုတ်သူတွေထဲက တစ်ဦးဖြစ်တဲ့ အဲရစ် ဖရွန်ဟိုးဖာဟာ အီလွန်မတ်စ်ပြောတဲ့ နိုင်ငံအတော်များများမှာ Twitter ပလက်ဖောင်း အကြီးအကျယ်နှေးကွေးလို့ တောင်းပန်တယ်ဆိုတဲ့အချက်ကို မှားကြောင်း ပြောခဲ့ပါတယ်။

"Home Timeline ကို render ခေါ်ဖို့ Remote Procedure Calls (ကွန်ပျူတာပရိုဂရမ်တစ်ခု အဝေးထိန်း ဆာဗာပေါ်မှာ လုပ်ထုံး Procedure တစ်ခု ခေါ်ယူတွက်ချက်မှု) ၁၀၀၀ ခေါ်ယူရပါတယ်။ နိုင်ငံအတော်များများမှာ Twitter သုံးရတာ အလွန်ပဲ နှေးကွေးရတဲ့အပေါ် တောင်းပန်ပါတယ်" လို့ အီလွန်မတ်စ်က Tweet တင်ခဲ့တာပါ။ 

"ကျွန်တော်ဟာ Twitter ပေါ်မှာ အန်းဒရိုက်အတွက် ၆ နှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။ ဒီအချက် မှားကြောင်းလည်း ပြောနိုင်ပါတယ်" လို့ ဖရွန်ဟိုးဖာက ပို့စ်တင်ခဲ့ပြီး မတ်စ်က "ဒါဆို ငါ့ကို အမှန်ပြန်ပြင်ပေးစမ်းပါ။ နံပါတ်အမှန်က ဘာတဲ့လဲ" လို့ တုန့်ပြန်ခဲ့ပါတယ်။ ဖရွန်ဟိုးဖာလည်း Twitter app နှေးရတဲ့အကြောင်းကို ပြောရာမှာ အသုံးသိပ်မများတဲ့ features တွေနဲ့ ပြည့်နေပြီး App စွမ်းဆောင်ရည်ပေါ် အရှိန်နဲ့ features တွေ ရွေးချယ်ရတာကြောင့် နှစ်နဲ့ချီ နည်းပညာအကြွေးတင်တာ ၊ ကွန်ရက်တုန့်ပြန်မှု အချိန်ယူလွန်းတာတွေကြောင့်လို့ ပြောပါတယ်။ 


Photo : Times Of India

RPC နံပါတ် အတိအကျတောင်းတဲ့အခါမှာ ဖရွန်ဟိုးဖာက "ဇီးရိုးပဲ။ App မှာ RPC call ခေါ်ဆိုမှု မလုပ်ပါဘူး" လို့ ပြောပါတယ်။ App Performance ပိုကောင်းတာက UAM (User Added Module) နဲ့ Ad အသုံးပြုမှု တိုးမြှင့်ထားတာနဲ့ ချိတ်ဆက်နေတယ်လို့ ဖရွန်ဟိုးဖာက ပြောပြီး Requests အရေအတွက်က အဓိကပြဿနာမဟုတ်ဘူးလို့ ဆိုပါတယ်။ မတ်စ်ကို Twitter ပေါ်မှာ ပေါ်တင်ထောက်ပြပြီးနောက်မှာ အီလွန်မတ်စ်က Twitter ဝန်ထမ်းတွေကို ဖရွန်ဟိုးဖာအား အလုပ်ထုတ်လိုက်ကြောင်း အသိပေးလိုက်ပါတယ်။ 

Twitter App အင်ဂျင်နီယာဟောင်းဟာ Twitter ဆီက သူ့ကို အလုပ်ဖြုတ်လိုက်ကြောင်း အဆက်အသွယ်မရဘဲ သူ့လက်ပ်တော့ထဲ ဝင်မရဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ "အခုဆို ကုမ္ပဏီထဲမှာ ဘယ်သူမှ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြတော့ဘူး" လို့ ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က