ရွှေပေါက်ကံ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့်နဲ့ ဦးမောင်မောင်အေးတို့ကို ပုဒ်မ(၄) ခုဖြင့် အိမ်အကူမလေးရဲ့ မိခင်ဘက်မှ ရွှေပေါက်ကံ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ 

Photo: Min Yar Zar



သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်သူ မဖူးငုံပွင့် တို့ဟာ အိမ်အကူကောင်မလေးကို အက်စစ်ဖြင့် ပက်လိုက်တာကြောင့်  အိမ်အကူကောင်မလေးရဲ့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းခိုင်က ရွှေပေါက်ကံရဲစခန်းမှာ ပုဒ်မ (၄) ခုတို့ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ မဲဆန္ဒနယ် အမှတ်(၂) မြောက်ဥက္ကလာပမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်ကို Duwun Media မှ ဖုန်းဖြင့်ဆက်သွယ်မေးရာတွင် ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

“ ဒီအမှုနဲ့ ပတ်သက်ပြီး အန်ကယ်လ် သိထားတာကတော့ မနေ့က ၃ နာရီလောက်က အမှုဖွင့်ထားတယ်လို့ ပြောတယ်။ ပုဒ်မ ၄ ခုပေါ့။ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်ပဲ သိတယ်” လို့ ဆိုပါတယ်။ 


Photo: Min Yar Zar

သရုပ်ဆောင်မင်းရာဇာနှင့် အိမ်အကူမလေးတို့ရဲ့ လူမှုရေးဖောက်ပြန်မှု အသံဖိုင်တွေဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုလည်း ခံနေရတာဖြစ်သလို ဝေဖန်မှုတွေလည်း အမျိုးမျိုးရှိနေတာကိုလည်း တွေ့ရပါတယ်။ 


Photo: Min Yar Zar

လက်ရှိမှာတော့ အဆိုပါအမှုနဲ့ပတ်သက်ပြီး သရုပ်ဆောင်မင်းရာဇာတို့ ဇနီးမောင်နှံကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုေ တာ့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

က္က