ဖေဖော်ဝါရီလ ၂၇ ရက်က ထောင်ဒဏ် ၇ နှစ်၊ ယနေ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။

အိမ်အကူ မိန်းကလေး အက်စက်နဲ့ ပက်လောင်းခံရတယ်ဆိုတဲ့အမှုမှ အိမ်ရှင် မနီနီနုနွယ်နဲ့ ယောက္ခဖြစ်သူကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မှာ နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

အိမ်အကူမိန်းကလေးမနန်းမေဇင်ဦး အက်စစ်နဲ့ပက်လောင်းခံခဲ့ရတယ်ဆိုတဲ့အမှုမှ အိမ်ရှင်မနီနီနုနွယ်ဟာ အပြင်းအထန်နာကျင်စေမှုနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရပြီး ဒီကနေ့ (စက်တင်ဘာလ ၁၆ ရက်) မှာလည်း ထပ်မံစွဲချက်တင်ထားတဲ့လူကုန်ကူးမှုနဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။

"၎င်းနဲ့အတူ ယောက္ခမဖြစ်သူဒေါ်မိုးမိုးလည်း အမှုတွဲပါဝင်တာဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ ပြစ်မှုကျုးလွန်ကြောင်းစစ်ဆေးပေါ်ပေါက်လို့ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေဖို့အမိန့်ချမှတ်လိုက်တာဖြစ်တယ်" လို့ မန္တလေးခရိုင်တရားရုံးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ီအမှုဖြစ်စဉ်ဟာ ၂၀၀၈ ခုနှစ်ကစခဲ့တဲ့ဖြစ်စဉ်ပဲဖြစ်ပြီး ရှမ်းပြည်နယ်တာင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာသူ မနန်းမေဇင်ဦးဟာ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်မှာအိမ်အကူလုပ်ရင်း ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။

ဖစ်စဉ်မှာ မနီနီနုနွယ်ရဲ့ယောက္ခမဖြစ်သူဒေါ်မိုးမိုးဟာ ၎င်းရဲ့ကုန်စုံဆိုင်မှာအကူအဖြစ်လုပ်ကိုင်ဖို့ မနန်းမေဇင်ဦးအားခေါ်ယူခဲ့ကြောင်း၊ မနန်းမေဇင်ဦးဟာ ဒေါ်မိုးမိုးကုန်စုံဆိုင်ပိတ်လိုက်ချိန်မှာ မနီနီနုနွယ်ရဲ့ဆိုင်မှာဆက်လုပ်ခဲ့ကြောင်း၊ အဲဒီနောက် ပြဿနာတစ်ခုနဲ့ပတ်သက်ပြီး မနီနီနုနွယ်က မနန်းမေဇင်ဦးအား အက်စစ်နဲ့ပက်ခဲ့ကြောင်း၊ အက်စစ်နဲ့ပက်ခံရမှုကြောင့် မနန်းမေဇင်ဦးမှာ ဝဲဘက်မျက်နှာတစ်ခြမ်းပျက်စီးခဲ့ပြီး ဝဲဘက်မျက်လုံးဆုံးရှုံးခဲ့ရကြောင်း၊ မနန်းမေဇင်ဦးဟာ ဒဏ်ရာတွေကြောင့်အပြင်ထွက်ခွင့်မရတော့ဘဲ အိမ်အခန်းအတွင်းလေးနှစ်ခန့်ပိတ်လှောင်ခံခဲ့ရကြောင်း၊ ဒဏ်ရာသက်သာလာချိန်မှာ အခန်းအတွင်းမှထွက်ရပြီး အိမ်အလုပ်ပြန်လုပ်ရကြောင်း၊ ဖြစ်စဉ်တွေအပေါ် မနန်းမေဇင်ဦးရဲ့ဖခင်ဖြစ်သူသိရလို့ရောက်လာချိန်မှာ ရပ်ကွက်ရုံးဆီခေါ်သွားပြီး ဆေးကုသပေးမယ် အမှုမဖွင့်ဖို့လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ငွေကြေးနဲ့နှစ်သိမ့်ပြီးဆက်လက်နေထိုင်စဉ် ၂၀၁၇ ခုနှစ် မတ်လက မနန်းမေဇင်ဦးအား အမှိုက်ပုံးသွန်းခိုင်ရာမှ မနိုင်လို့မှောက်ကျတာကနေ မနီနီနုနွယ်က နရံနဲ့တွန်းကန်ဆောင့်ခြင်း၊ ဝက်စာပုံးထဲမျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းတွေပြုလုပ်လာလို့ မနန်းမေဇင်ဦးက ၎င်းတို့အလစ်မှာပဲ နေအိမ်မှ ထွက်ပြေးခဲ့ကြောင်း၊ အမျိုးသမီရေးရာအဖွဲ့နဲ့တွေ့ဆုံကာအမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ဖြစ်စဉ်မှတ်တမ်းတွအရသိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မနန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းတွေလုပ်ခဲ့တဲ့ ဒေါ်နီနီနုနွယ်နဲ့ယောက္ခမဖြစ်သူ ဒေါ်မိုးမိုးတို့ကို ဖမ်းဆီးပြီး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၁၀၁/၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၂၄၊ (ပ)၁၀၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၄၄/၁၁၄တို့နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က