အိမ်ခြေ(၂၄၀၀) အထိ ထပ်လှူသွားဦးမယ်လို့ သိရပါတယ်။

ခိုင်နှင်းဝေဟာ တောင်ဒဂုံမြို့နယ်အတွင်းက အိမ်ခြေ(၂၄၀၀) စာအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းသွားမှာဖြစ်ပေမယ့် ဒီနေ့(ဧပြီလ ၃၀ရက်)မှာတော့ အိမ်ခြေ(၄၀၀) စာအတွက် အရင်လှူခဲ့တယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ တောင်ဒဂုံမြို့နယ်အတွင်းက ရပ်ကွက်ပေါင်း(၂၄) ရပ်ကွက်စာ အိမ်ထောင်စု(၂၄၀၀) စာအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒီနေ့(ဧပြီလ ၃၀) ရက်နေ့မှာတော့ အိမ်ထောင်စု (၄၀၀) စာအတွက် ဆန်၊ ဆီနဲ့ ကြက်သွန်တွေ လှူခဲ့တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 



“ ဒီနေ့ အလှူကတော့ တောင်ဒဂုံ (၁၀၄)၊ (၁၀၅)၊ (၁၀၆)၊ ၁၇ ရပ်ကွက်မှာ စလှူဖြစ်တယ်။ တစ်ရပ်ကွက်ကို အိမ်ခြေ(၁၀၀) နှုန်းနဲ့ (၂၄) ရပ်ကွက်ဆိုတော့ အိမ်ခြေပေါင်း (၂၄၀၀) ကို လှူဒါန်းဖို့ အစ်မတို့ လုပ်ထားပါတယ်။ တစ်ရက်တည်း (၂၄၀၀) စလုံး လှူဒါန်းဖို့ကတော့ အဆင်မပြေပါဘူး။ ဒီနေ့တော့ အိမ်ခြေ(၄၀၀) လှူတယ်၊ မနက်ဖြန်ရော၊ သဘက်ခါရော အိမ်ခြေ(၄၀၀) စီ ခွဲပြီး လှူသွားမယ်” လို့ ဆိုပါတယ်။ 

အိမ်ခြေ(၂၄၀၀) စာအတွက် လှူဒါန်းမှု စာရိတ်ကလည်း သိန်း(၁၀၀) ကျော်ကုန်ကျတယ်လို့ ခိုင်နှင်းဝေက ပြောပါတယ်။ ဒီအလှူလေး ဖြစ်လာဖို့အတွက် ဆရာမ နှင်းပန်းအိမ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်တို့ရဲ့ အကူအညီတွေ လည်း အများကြီးပါတယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ အခြေခံလူတန်းစားတွေကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်စိတ်ထဲ လှူချင်တဲ့ စိတ်ကဖြစ်တယ်။ ဒါကြောင့် ဆရာမ နှင်းပန်းအိမ်ရယ်၊ တိုင်းဒေသလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်ရယ် အားလုံးပေါင်းပြီး လှူဖြစ်သွားတာဆိုတော့ အိမ်ခြေ(၂၄၀၀) စာဖြစ်သွားတာပါ။ COVID-19 ရဲ့ တိုက်ပွဲဟာ ဘယ်အချိန်၊ ဘယ်ကာလအထိ ရှိနေမယ်ဆိုတာမသိဘူး။ လှူတာတော့ လှူကြတယ်။ အစ်မတို့ လှူလိုက်တဲ့ ဟာကလည်း ဘယ်နှရက်စားမှာလဲ။ အစ်မတို့ကသာ အရေအတွက် သိန်း(၁၀၀) ကျော်ရင်းပြီးတော့ လှူတာဖြစ်တဲ့အတွက် ဒါပေမယ့် အိမ်ထောင်စု(၂၄၀၀) ဆိုပေမယ့် တစ်အိမ်ထောင်အတွက်ကတော့ အစ်မတို့ လှူတာဟာ သူတို့အတွက် တစ်ပတ်စာ ရချင်ရမယ်။ တကယ်တော့ အမြဲတမ်းလှူနေရမှာဖြစ်တဲ့အတွက် ဒါကြောင့် လိုအပ်တာတွေကို အမြဲလုပ်ဖြစ်နေတယ်။ အစ်မလည်း နိုင်သလောက် လှူနေပါတယ်" လို့ သူက ဆိုပါတယ်။  

ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များစွာကိုလည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ၊ အလုပ်တွေ မလုပ်ရလို့ မိသားစုဝမ်းစာအတွက်အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုလည်း ရင်းနှီးမြုပ်နှံဖို့အတွက် ငွေကြေးအင်အား နဲ့ ကူညီခဲ့တာကိုလည်း တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

က္က