ပုလဲရတု တိုင်ခဲ့ပါပြီ။

သရုပ်ဆောင် ခင်လှိုင်ကတော့ ဇနီးသည်နဲ့အတူတူ ခက်ခဲကြမ်းတမ်းတဲ့ ဘဝလမ်းခရီးကို အတူတူ တိုက်ပွဲဝင်ခဲ့တာ အခုဆိုရင် နှစ်(၃၀) တောင်ပြည့်သွားခဲ့ပြီလို့ ဆိုပါတယ်။

 

Photo : ခင်လှိုင်

သရုပ်ဆောင်ခင်လှိုင်တို့ ဇနီးမောင်နှံဟာ မေလ(၁) ရက်နေ့က အိမ်ထောင်သက်တမ်း နှစ်(၃၀) ပြည့်ခဲ့ပါပြီ။ဘဝဆိုတဲ့ တိုက်ပွဲကြီးကို အတူတူတိုက်ပွဲဝင်ခဲ့ရင်း ရတုအဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ သူတို့ဇနီးမောင်နှံက ၂၀၂၀၊မေလ(၁) ရက်နေ့မှာ ပုလဲရတုကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်ခင်လှိုင်ကလည်း ခက်ခဲလှတဲ့အိမ်ထောင်သည်ဘဝမှာ အခက်အခဲတွေ၊လောကဒဏ်တွေကို ဘေးကနေ ကြံ့ကြံ့ခံ အံတုပေးခဲ့တဲ့ ချစ်ဇနီးအတွက်  နှစ်(၃၀) ပြည့် နှစ်ပတ်လည်နေ့‌လေးမှာ ယခုလိုလေးပြောထားပါသေးတယ်။

 

နှစ်သုံးဆယ်ပြည့်ခဲ့ပြီပေါ့…အိမ်ထောင်သည်ဆိုတဲ့ ဘဝကြမ်းကြမ်းကို ဒို့နှစ်ယောက်အတူတူ လျှေက်လှမ်းခဲ့တဲ့ ကာလတို ရည်ညွှန်းသော…အချိန်ပြဇယားတစ်ခု…ဘဝ…ရေးရတာလွယ်လိုက်တာ. စာလုံးလေးနှစ်လုံးထဲ ဘကုံးလေးရယ်.ဝလုံးလေးရယ်။ထဲထဲဝင်ဝင်ခြေချမိတဲ့အိမ်ထောင်သည်ဘဝကတော့ စစ်တလင်း…စစ်တလင်း…စစ်တလင်းကိုချစ်ချင်းဆိုတဲ့သတ္တိနဲ့မာန်တင်းပြီးစဖြတ်တော့…ကြိမ်ဖန်များစွာရင်ဆိုင်ခဲ့ရတဲ့…သတ်ကွင်းတွေမှာလက်နှက်မျိုးစုံနဲ့တိုက်ခိုက်တဲ့.လောကဒါဏ်ကိုကြံ့ကြံ့ခံအံတု

လဲကြတဲ့အချိန်တိုင်းအနားမှာ တစ်ဖွားမှမခွါပဲအမြဲလိုစစ်ကူပေးတဲ့ကျွန်တော့ချစ်သူ မငယ်လေးရေ… အခုဆို အရင်လောက်သောကမရောက်တော့ပါဘူး

စစ်ကူလေးတွေ…ရောက်နေကြပြီရဲဘော်အသစ် သား သမီး မြေး မြစ်တွေပေါ့” ဆိုပြီး မေလ(၁) ရက်နေ့က ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : ခင်လှိုင်

ခင်လှိုင်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာလည်း သမီးတွေသားတွေက Surprise လုပ်ပေးခဲ့သလို သားသမီးမြေးမြစ်တွေနဲ့ လည်း နှစ်ပတ်လည်နေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါသေးတယ်။သရုပ်ဆောင် ခင်လှိုင်ဟာ သရုပ်ဆောင်နေရဲ၊ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ အနုပညာသက်တမ်းလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်သလို လူရွှင်တော် တစ်ယောက်လည်း ဖြစ်ပါတယ်။

ထို့အပြင် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

 

 

Share

Loading Next Article...
က္က