ဘာမှ မကြာလိုက်သလိုပဲတဲ့။

ဒီနေ့ကတော့ သရုပ်ဆောင် နန္ဒာလှိုင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေး ဖြစ်ပါတယ်။ လက်ထပ်ခဲ့တာ (၁၁)နှစ်တောင် ရှိသွားခဲ့ပြီတဲ့။

 

Photo : နန္ဒာလှိုင်

ဒီနေ့(မေလ၆ရက်)က သရုပ်ဆောင် နန္ဒာလှိုင်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် (၁၁)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေး ဖြစ်ပါတယ်။ (၁၁)နှစ်တောင် ရှိသွားခဲ့ပေမယ့် အတူ ဖြတ်သန်းခဲ့တဲ့ အချိန်လေးက ဘာမှ မကြာလိုက်သလိုပဲနော်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာတွေ့ရပါတယ်။

၁၁ နှစ်တောင်ရှိသွားခဲ့ပြီဘဲ ဘာမှမကြာလိုက်သလိုဘဲနော်” ဆိုပြီး မေလ(၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : နန္ဒာလှိုင်

နန္ဒာလှိုင်ဟာ ဇေသီဟနဲ့ ၂၀၀၈ ခုနှစ် မေလ(၆) ရက်နေ့က လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့မှာ သမီးလေး သုံးယောက် ထွန်းကားနေပြီဖြစ်ပြီး သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သမီးလေးတွေမှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်နဲ့ ဇေမဒီလှိုင်တို့ ဖြစ်ပါတယ်။

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo : နန္ဒာလှိုင်

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။ မိသားစုကို အချိန်ပေးရင်းနဲ့ သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီကနေ Missha အလှကုန်ပစ္စည်းများကိုလည်း မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးလျက်ရှိပါတယ်။

Photo : နန္ဒာလှိုင်

နန္ဒာလှိုင်က အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့သူတစ်ဦးပါ။ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆု၊ ၂၀၀၆ ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ဖြင့် အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က