အသက် ၁၀ နှစ်ကွာတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ အချစ်ခရီး။

ပိုင်ဇေရဲထွန်းကတော့ အသက် ၄၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူချစ်ရတဲ့ ဇနီးချောလေး ဇင်သဲနိုင်နဲ့လည်း ၂၀၁၉ ခုနှစ် မေလ ၂၅ ရက်နေ့မှာ အိမ်ထောင်သက် ၁၄ နှစ်ပြည့်ပြီလို့ သိရပါတယ်။

Photo: Paing Zay Ye Tun

ဒီနေ့ မေလ ၂၅ ရက်နေ့ကတော့ သရုပ်ဆောင်ပိုင်ဇေရဲထွန်းရဲ့ အသက် ၄၂ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် ၁၄ နှစ်ပြည့် အမှတ်တရနေ့လေး ဆိုရင်လည်း မမှားပါဘူး။ ပိုင်ဇေရဲထွန်းအတွက် ချစ်ဇနီးလေးရဲ့ မွေးနေ့ဆုတောင်းကိုလည်း အခုလို ပြောပြထားပါတယ်။

‘’အိမ်ထောင်သက်(၁၄)နှစ် ကိုကို့အသက်လေးဆယ့်နှစ် ဆယ်စုနှစ်တစ်စုကို နောက်ပြန်ရစ်ကြည့်တော့ကလေးသာသာအရွယ်ကောင်မလေးရဲ့ ယုံကြည်မှု ရွေးချယ်မှုတွေမမှားဘူးကိုကို။ ကိုကို့အပေါ်ဂရုစိုက်မှုတွေ အချစ်တွေလျော့သွားတယ်လို့ နည်းနည်းတောင်မတွေးလိုက်ပါနဲ့။ ထုထည်သိပ်ကြီးမားလာလို့ တည်ငြိမ်နေခြင်းမျိုးပါ’’ဆိုပြီးတော့ ဇင်သဲနိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၂၅ ရက်နေ့ မနက် ၁၂ နာရီ ၁၉ မိနစ်က ရေးသားထားတာဖြစ်ပါတယ်။

Photo: Paing Zay Ye Tun

ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ဟာ အသက် ၁၀ နှစ်ကွာတဲ့ ဇနီးမောင်နှံ နှစ်ယောက်ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူအတွက် ပါရမီဖြည့်ဖက်ကောင်းတစ်ဦးဖြစ်ဖို့ ကိုလည်း ဇင်သဲနိုင်က ဆက်လက်ပြောပြထားပါသေးတယ်။

‘’သဲရဲ့ခြေလှမ်းတိုင်းမှာ ကိုကိုကကျေးဇူးရှင်ဖြစ်သလို ကိုကို့ခြေလှမ်းတိုင်းမှလည်း သဲကပါရမီဖြည့်နေဦးမှာ။ နှစ်ပေါင်းများစွာမှတ်တိုင်တွေတူတူစိုက်ထူကြဦးစို့ လွန်ခဲ့တဲ့(၁၄)နှစ် ကိုကို ၂၈နှစ် သဲ ၁၈နှစ်။ အခုကိုကို ၄၂နှစ် သဲ ၃၂နှစ် နောင်နှစ်ပေါင်းများစွာထိ.... အဆုံးမရှိ’’ လို့ ဆိုပါတယ်။

Photo: Amazing Grace

ိုင်ဇေရဲထွန်းကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ ချစ်စရာကောင်းတဲ့ ဇနီးချောလေး ဇင်သဲနိုင်နဲ့အတူ ချစ်စရာကောင်းတဲ့ သမီးကြီးတစ်ယောက်နဲ့ သားလေး နှစ်ယောက်တို့ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ သူတို့ မိသားစုလေးနဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကိုတော့ အားမကျတဲ့ ပရိသတ်တွေ မရှိသလောက်ပါပဲ။

Share

Loading Next Article...
က္က