သူမရဲ့ ပီတိစကားကို ပြောပြခဲ့ပါတယ်။

ပိုပိုက ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေနဲ့ အိမ်ဆောက်ပေးနေတဲ့ အလုပ်သမားတွေကို နေ့လယ်စာကျွေးခဲ့ပါတယ်တဲ့။ သူမဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။

Photo: Po Po

ပိုပိုက အိမ်ဆောက်ပေးနေကြတဲ့ အလုပ်သမားတွေအတွက် သူမကိုယ်တိုင် ထမင်းဟင်း ချက်ပြုတ်ကျွေးခဲ့တယ်လို့ ဆိုပါတယ်။ အပင်ပန်းခံ ချက်ပြုတ်ခဲ့ရတာကြောင့်လည်း ပီတိဖြစ်တယ်လို့ ပြောပါတယ်။

‘’အိမ်က အိမ်ဆောက်ပေးတဲ့ အစ်ကိုတွေ အားလုံးအယောက် ၂၅ ယောက်စာ ကိုယ်တိုင် ဈေးဝယ် ပြင်ဆင် ချက်ပြုတ်ပြီးသကာလ ပျော်နေပါတယ်။ အခုအိပ်ခါနီး လက်လေးတွေ ပုဇွန် ၂ ပိဿာ ခွာလိုက်ရလို့ ထိရှပြီး နာလိုက်တာ But I'm Happy '' ဆိုပြီးတော့ မေလ ၈ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Po Po

ပိုပိုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် အားကြိုးမာန်တက် ကူညီဆောင်ရွက်တတ်သူ တစ်ဦးပါ။ မကြာခဏ ဆိုသလိုလည်း အဖွဲ့လိုက်ဖြစ်စေ၊ သူမ တစ်ဦးတည်းဖြစ်စေ၊ အလှူအတန်းတွေ လုပ်နေတတ်တာကို တွေ့ရပါတယ်။



ပိုပိုက ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။



Photo: Po Po

ဆိုတော် ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က