သူချစ်တဲ့ ပရိသတ်တွေကို စနောက်ခဲ့တာဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ သူမွေးထားတဲ့ တိရစ္ဆာန်လေးတွေအကုန်လုံးကို ချစ်တယ်လို့ပြောပါတယ်။ တိရစ္ဆာန်ရုံဖွင့်လို့တောင် ရနေပါပြီတဲ့။

Photo: Paing Takon



ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့ လူငယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ခွေးလေး၊ ကြောင်လေးတွေထက် ငှက်တွေ၊ မြွေတွေအပြင်နောက်ထပ် တိရစ္ဆာန်လေးတွေကိုလည်း သူ့ရဲ့ အိမ်မှာ မွေးထားတာ တွေ့ရပါတယ်။ ဒီ တိရစ္ဆာန်လေးတွေကို လွတ်လွတ်လပ်လပ်ထားချင်လို့ အိမ်ဆောက်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်တော်ကတော့ တိရစ္ဆာန်လေးတွေအကုန်ချစ်တယ်။ လက်ရှိ ဆောက်နေတဲ့ အိမ်က မပြီးသေးဘူး။ တိရစ္ဆာန်တွေလည်း ထားလို့မရသေးဘူး။ အခုက အခန်းထဲမှာ သူ့အကန့်နဲ့သူပဲ ထားထားရတာ။ အိမ်ပြီးသွားရင်တော့ တိရစ္ဆာန်ရုံဖွင့်မှာ လာကြည့်နော်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။

Photo: Paing Takon

ပိုင်တံခွန်ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အလှဓာတ်ပုံတွေတင်ရင်လည်း သူ့ရဲ့ တိရစ္ဆာန်လေးတွေနဲ့ တွဲလျှက်ပုံတွေ တင်လေ့ရှိပါတယ်။ ပြီးတော့ ဓာတ်ပုံပေါ်မှာ ရေးတဲ့ စာသားလေးတွေကလည်း မိန်းကလေး ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် ရေးတတ်သူပါ။ အခုနောက်ပိုင်းမှာလည်း လယ်ကွင်းမှာရိုက်တဲ့ အလှဓာတ်ပုံတွေပိုတင်ဖြစ်နေတဲ့အကြောင်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားရိုက်တော့မယ့်အကြောင်း စာနယ်ဇင်းပွဲမှာ ဖြေဆိုခဲ့တာပါ။

“ တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်က စနေတာ။ တစ်ရက် တစ်ရက် Caption စဉ်းစားရတဲ့ ဒုက္ခကို စိတ်ညစ်တယ် မစဉ်းစားချင်ဘူး။ အဲ့ဒီတော့ ပါးစပ်ထဲမှာရှိတဲ့ဟာ ကောက်ရေးုလိုက်တယ်။ သူတို့လည်း စလို့ရတယ်။ အရမ်းကြီးလည်း ထွေထွေထူးထူးမစဉ်းစားတော့ဘူး။ အခုနောက်ပိုင်း လယ်ကွင်းတွေဘက်မှာ ဓာတ်ပုံရိုက်ရတာဆိုတော့ ကျွန်တော်ကလည်း အရင်ကတည်းက နွားကြောက်တယ်။ အခု ဓာတ်ပုံရိုက်ရင်း ရိုက်ရင်းနဲ့ နွားတွေက အရမ်းချစ်ဖို့ကောင်းတယ်။ လျှောက်လိုက်နေတာပေါ့။ အဲဒီတော့ သူတို့နဲ့ပဲရိုက်ဖြစ်တာ” လို့ဆိုပါတယ်။

ကမ္ဘာဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းရိုက်ကူးမယ့် The Clock: Red Wall ဇာတ်ကားမှာတော့ ပိုင်တံခွန်က အဓိက သရုပ်ဆောင်နေရက ပါဝင်သွားရမှာပါ။ The Clock: Spirit Awakening ပထမ ဇာတ်ကားမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင် ထားပြီး ယင်းနိုင်ငံတွင် အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ The Clock: Spirit Awakening က ထိုင်း၊ လာအို၊မလေးရှား၊ စင်ကာပူ နှင့် ဘရူနိုင်း နိုင်ငံများတွင်ပြသလျှက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ပြသနိုင်ရန်အတွက် အထက်ပါ ကုမ္ပဏီ နှစ်ခုလုံးက ကြိုးပမ်းလျှက်ရှိပြီး မကြာမီအချိန်တွင်ပြသနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်း ကြိုးစားလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က