လက်ရှိအိမ်ထောင်ရေးဘဝလေးကို ကျေနပ်နေကြပါတယ်။

ရွှေဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၄ လပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။

Photo: Htoo Khant

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၄ လရှိပြီဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ချစ်လာကြတာကိုလည်းတွေ့မြင်ရမှာပါ။ ဒီလို အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ထားတဲ့အတွက် ကျေနပ်တယ်လို့ ရွှေမှုံရတီက ဆိုပါတယ်။

‘’ချစ်တယ် ယောကျာ်းရယ်။ ဘာလိုလိုနဲ့ မင်္ဂလာသက်တမ်း ၄ လ ရှိပြီနော်။ ၄ နှစ် လိုပါပဲ နားလည်မှုတွေ ပိုရှိလာတာ၊ ချစ်လာတာတွေက နစ်ယောက်တစ်ဘဝကိုပျော်ရွှင်ကျေနပ်မိပါတယ်။ ဒီဘဝက ဘုရားပေးတဲ့ဆုတစ်ခုလိုပါပဲ’’ လို့ မတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo: Htoo Khant

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Htoo Khant

ရွှေဇနီးမောင်နှံရဲ့ ပထမဆုံး အတူတူ သီဆိုထားတဲ့ ''အမှား'' သီချင်းကလည်း လူငယ်တွေကြားမှာ အောင်မြင်နေဆဲဖြစ်ပါတယ်။ ရွှေမှုန် အတွက် ရွှေထူးက သီချင်းအသစ်တွေ ဖန်တီးပေးဦးမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ရွှေထူးကိုယ်တိုင်ကလည်း သူ့ရဲ့ တတိယမြောက်ထွက်လာမယ့် တစ်ကိုယ်တော်အခွေအတွက် ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo: Shwe Mhone Yati

ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပါပြီ။ ရွှေထူးကလည်း လက်ရှိမှာ တတိယမြောက် တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူပါ။ 

Share

Loading Next Article...
က္က