ဆုပန်ထွာတို့ ဇနီးမောင်နှံက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဆိုရင် အိမ်ထောင်သက်တမ်း ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီ ၄ နှစ်အတွင်းမှာလည်း သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: ဆုပန်ထွာဖေ့စ်ဘွတ်
ဆုပန်ထွာတို့ ဇနီးမောင်နှံက ဖေဖော်ဝါရီလ အတွင်းမှာ အိမ်ထောင်သက်တမ်း ၄ နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။ ဒီ အိမ်ထောင်သက်တမ်း ၄ နှစ်အတွင်းမှာ ချစ်စရာကောင်းတဲ့ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ပြီးဖြစ်ပါတယ်။
‘’ February 14 ဆို 4th years ပြည့်တော့မယ်။’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် Facebook Cover ဓာတ်ပုံလေးကိုလည်း မင်္ဂလာဆောင်တုန်းက အမှတ်တရ ဓာတ်ပုံလေးကို တင်ခဲ့ပါတယ်။
Photo: Edward
ဆုပန်ထွာ တင်လိုက်တဲ့ စာသားလေးရဲ့ Comment မှာ သူမ ချစ်ရတဲ့ ခင်ပွန်း ကိုဥက္ကာကျော်ကလည်း ဇနီးချောလေးကို အချစ်တွေ ပိုနေတယ်လို့ ရေးသားထားပြန်ပါသေးတယ်။
‘’ အရမ်းချစ်တယ်မာမားရေ.. ခုဆို ပိုပြီးလို့တောင်ချစ်တယ်’’ ဆိုပြီးတော့ Comment ပေးခဲ့တာပါ။ အဲ့ဒီနောက် ဆုပန်ထွာတို့ မိသားစုလေးကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ကြိုတင် ဂုဏ်ပြုစကားတွေေ ပြာပြထားတာ တွေ့ရပါတယ်။
Photo: ဆုပန်ထွာဖေ့စ်ဘွတ်
ဆုပန်ထွာဟာ ဒီရက်ပိုင်းမှာ ဂီတဖျော်ဖြေရေး တွေနဲ့ ခရီးတွေထွက် သီချင်းတွေ ဆိုနေတာကို တွေ့ရပါတယ်။ အလုပ်တွေ များနေတဲ့ သူမ အတွက်တော့ ခင်ပွန်းဖြစ်သူက အကောင်းဆုံး ပံ့ပိုးပေးနို င်ခဲ့တယ်ဆိုတာကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။
''မိန်းမ အလုပ်များယောက်ယက်ခတ်တဲ့အချိန် Roar Roar လေးကိုကူထိန်းပေးတဲ့ဒယ်ဒယ်ကိုပိုချစ်မိပါတယ်။ မိန်းမအလုပ် အပေါ်လည်း နားလည်ပေးလို့ ဘယ်လောက်မောမော အမောပြေရပါတယ်။ ဒယ်ဒယ့်အကြောင်းတွေးလိုက်တိုင်း နွေးနွေး ထွေးထွေးနဲ့ရင်ထဲအေးအေးချမ်းချမ်းလေးစိတ်ချမ်းသာရပါတယ်'' လို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။
Photo: ဆုပန်ထွာဖေ့စ်ဘွတ်
ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။