အဆိုတော် ကော်ဘရာက ဇနီးချောလေး ခင်မဉ္ဇူခိုင် ကို တစ်နေ့ထက်တစ်နေ့ ပိုတိုးလို့ ချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ဒီနေ့ကတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း ၁၀ နှစ်ပြည့်ပါပြီ။
Photo: ကော်ဘရာ
အဆိုတော်ကော်ဘရာနဲ့ သရုပ်ဆောင် ခင်မဉ္ဇူခိုင်တို့ရဲ့ အိမ်ထောင်သက်တမ်းက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ၁၀ နှစ်ပြည့်ပြီလို့ သိရပါတယ်။ ချစ်ဇနီးချောလေး ခင်မဉ္ဇူခိုင်အတွက် ကော်ဘရာက ရင်ထဲက စကားတွေကို အမှတ်တရလက်ဆောင်ပါးခဲ့ပါတယ်။
‘’မိန်းမရေ ငါတို့အိမ်ထောင်သက်က ဒီနေ့ ၁၀နှစ်ပြည့်ပြီဟ။ ငါစိတ်ထဲတော့ မနေ့တစ်နေ့ကလိုပါပဲ။ မ Ro တတ်ပေမဲ့ အပျိုကထက်တောင် ပိုချစ်သေးတယ် အာဘွား ၁ သိန်း’’ ဆိုပြီးတော့ အဆိုတော် ကော်ဘရာရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက် ၉ နာရီခွဲက ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ကော်ဘရာ
ကော်ဘရာနဲ့ ခင်မဉ္ဇူခိုင်တို့ဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပထမဆုံး သမီးဖြစ်တဲ့ မှူးမြတ်သခင်ကိုတော့ ၂၀၁၄ ခုနှစ်အတွင်းမှာ မွေးဖွားခဲ့တာပါ။ အဲဒီနောက် ဒုတိယမြောက် ရင်သွေးလေး Nora ကိုတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
Photo: ကော်ဘရာ
ကော်ဘရာဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ‘’ ကျွန်တော်နှင့် အပိုင်းအစများ’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ဆွေးမြေ့အသည်း’’၊ ‘’တောင်းတဲ့ဆု’’ ဆိုတဲ့ သီချင်းတွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့သူပါ။ အခုလက်ရှိမှာလည်း ဂီတဖျော်ဖြေရေးတွေ လုပ်နတယ်လို့ သိရပါတယ်။
Photo: ကော်ဘရာ
သရုပ်ဆောင် ခင်မဉ္ဇူခိုင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှုတွေရရှခဲ့တဲ့ ဇာတ်ကားကတော့ ‘’ကြိုးဝိုင်းထဲက သံယောဇဉ်’’ ဗီဒီယိုဇာတ်ကားဖြစ်ပါတယ်။အခုလက်ရှိမှာလည်း ‘’ လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူ’’ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ သူမဟာ အခုဆိုရင် ချစ်ရတဲ့ခင်ပွန်း နဲ့ အတူ သမီးလေး ၂ ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေသူ ဖြစ်ပါတယ်။