လင်းလင်းက အိမ်ထောင်သက် ၅နှစ်ပြည့် အမှတ်တရအနေနဲ့ ဇနီးချောလေး ချစ်သုဝေအတွက် အမှတ်တရ စကားလက်ဆောင် ပြောထားပါတယ်။ မေမေ ချစ်သုဝေကတော့ သမီးလေးတွေကြောင့် အရင်ကလို မ Roနိုင်ကြတော့ပါဘူးတဲ့။
Photo: Chit Thu Wai
အဆိုတော်လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အိမ်ထောင်သက်တမ်း၅ နှစ်ပြည့်ပြီလို့ သိရပါတယ်။ ဒီအတွက် လင်းလင်းက ချစ်ဇနီးလေးအတွက် အမှတ်တရ စကားလက်ဆောင်ကို အခုလို ပြောပြလာပါတယ်။
‘’ကျွန်တော့်မှာ အမေ သုံးယောက်ရှိပါတယ်။ တစ်ယောက်က ကြီးကျယ်မြင့်မြတ်သော' နိုင်ငံ့ အမေ '၊ တစ်ယောက်က ကျေးဇူးကြီးမားသော' မွေးပေးတဲ့ အမေ '၊ နောက်ဆုံးတစ်ယောက်ကတော့' အမေနဲ့တူတဲ့ ကျွန်တော့်မိန်းမပါဘဲ '၊ Happy anni ပါ အချစ်ကလေး ထရီဇာ ရေ Love u honey ‘’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်အစောကြီး ၁၂ နာရီ ၁၅ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။
Photo: Chit Thu wai
အဲဒီနောက် အဆိုတော် ချစ်သုဝေ ကလည်း နှစ်ပတ်လည်နေ့တိုင်းမှာ Surprise တွေနဲ့ ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းခဲ့ရပေမယ့် ဒီနှစ်မှာတော့ သမီးလေးတွေကြောင့် မ Ro နိုင်တော့ဘူးလို့ ဆိုပါတယ်။
‘’ ကဲ ..သမီး၂ ကောင်၊ မင်းတို့လေးတွေကြောင့် ဖေနဲ့မေ မရိုနိုင်တော့ဘူး’’ ဆိုပြီးတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ကျရောက်ခဲ့တဲ့ အိမ်ထောင်သက် ၂ နှစ်ပြည့် အမှတ်တရနေ့လေးကို Surprise တွေလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ အကြောင်းလေးကိုလည်း Share ခဲ့ပါသေးတယ်။
Photo: A Lin Yaung
အဆိုတော်လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေတို့ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ ပထမဦးဆုံးရင်သွေးလေးတွေဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် ဆိုတဲ့ ချစ်စရာကောင်းတဲ့အမြွှာသမီးလေး နှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။
Photo: Chit Thu Wai
မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာပဲ အသက် ၂ နှစ်ပြည့်ခဲ့ကြတာဖြစ်ပါတယ်။ ဖေဖေ လင်းလင်းနဲ့ မေမေ ချစ်သုဝေတို့က သမီးလေးတွေရဲ့ အသက် ၂ နှစ်ပြည့် မွေးနေ့မှာ အမှတ်တရဖြစ်အောင် ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ကို စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ခေတ်သစ် ဖောင်ဒေးရှင်းဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ပေးနိုင်စေဖို့ ရည်ရွယ်ပြီး တည်ထောင်လိုက်တဲ့ ဖောင်ဒေးရှင်း ဖြစ်ပါတယ်။