ကြည်နူး စရာကောင်းလွန်းလှပါတယ်။

ဒီနေ့က ပရဟိတမင်းသားကြီး ကျော်သူနဲ့ ပါရမီဖြည့်ဖက် ဇနီးချောလေးတို့ရဲ့ အိမ်ထောင်သက်တမ်း(၃၈)နှစ် ပြည့်သွားတဲ့နေ့လေးပါ။ ဒီနေ့ထိတိုင် ပရဟိတအလုပ်တွေကို စိတ်တူကိုယ်တူ လုပ်ကိုင်နေတဲ့ ဇနီးမောင်နှံလေး လည်း ဖြစ်ပါတယ်။

 

Photo : ကျော်သူ

ပရဟိတဇနီးမောင်နှံဖြစ်တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံက ဒီနေ့(သြဂုတ်လ၃၁) မှာ အိမ်ထောင်သက်တမ်း (၃၈)နှစ် ပြည့်သွားခဲ့ပါပြီ။ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ အဖွဲ့သားတွေနဲ့အတူ နှစ်ပတ်လည်ပွဲလေးကို ပျော်ရွှင်စွာ ကျင်းပခဲ့တာ တွေ့ရပါတယ်။  နှစ်ပတ်လည် ပွဲလေးကို နှစ်တိုင်းလိုလိုအဖွဲ့သားတွေနဲ့ ကျင်းပခဲ့သလို အဖွဲ့သားတွေကလည်း အမှတ်တရ လက်ဆောင်လေးတွေ ပေးခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း “ကိုယ့်အမှိုက်ကိုယ်ရှင်းပရဟိတ” အဖွဲ့ကနေ ကျော်သူတို့ ဇနီးမောင်နှံအတွက် ပုံတူခဲခြစ်ပန်းချီလေးကို လက်ဆောင်ပေးခဲ့ကြပါတယ်။

Photo : ကျော်သူ

“မင်္ဂလာရှိသောနေ့မှာ ကိုယ့်အမှိုက်ကိုယ်ရှင်းအဖွဲ့သားများဧ။် အမှတ်တရ မြိန့်မြိန့်ကြီးကျွန်တော့်ပုံ ခဲပန်းချီကား နှင့် ဗုဒ္ဓဟူးနေ့ပရဟိတသမားများ၊နာကူ(ရန်ကုန်)မှ မုန့်မျိုးစုံဖြင့် စတင်၍ (၃၈)နှစ်ပြည့်အမှတ်တရပွဲလေးအား စေတနာသန့်သန့်နှင့်ဖွင့်လှစ်လိုက်ပါပြီ” ဆိုပြီး ကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဦးကျော်သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ဦးကျော်သူတို့ ဇနီးမောင်နှံဟာ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြိး အားတတ်သရော ဦးဆောင်ဆောင်ရွက်နေသူတွေလည်း ဖြစ်ပါတယ်။ ရှေ့သွားနောက် လိုက် ညီလွန်းလှတဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံအတွက် ပရိသတ်များကလည်း မင်္ဂလာနှစ်ပတ်လည် ဆုတောင်းစကားများ ပြောထားကြတာ တွေ့ရပါတယ်။

 

Photo : ကျော်သူ

ဦးကျော်သူနဲ့ ရွှေဇီးကွက်တို့မှာတော့ မြင့်မိုရ်ဦးဆိုတဲ့ သမီးတစ်ယောက်နဲ့ ပြေသိန်းကျော်ဆိုတဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ မြင့်မိုရ်ဦးဟာ ယခုလက်ရှိမှာ သြစတေးလျ နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သားဖြစ်သူ ပြေသိန်းကျော်ကတော့ အမေရိကားမှာ နေထိုင်လျက်ရှိ တယ်လို့ သိရပါတယ်။

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။

Photo : ကျော်သူ

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

၂၀၀၇ခုနှစ်နောက်ပိုင်းတွင် အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာ ပရဟိတသမားကြီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲနေရာ တစ်နေရာယူထားနိုင်သူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ယခုအစိုးရသစ်လက်ထပ်မှ စတင်ကာ အနုပညာအလုပ် တွေ ပြန်လည်လုပ်ကိုင်လာသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က