အနှစ်တစ်ထောင်ထိ လက်တွဲမဖြုတ်ကြေးတဲ့။

အိမ်ထောင်သက်တမ်း(၁)နှစ်ပြည့်တဲ့နေ့လေးမှာ ပိုးအိအိခန့်က စကားလုံး လှလှလေးတွေနဲ့ ဆုတောင်းစကားလေး ပြောထားတာ တွေ့ရပါတယ်။ ဘာအခက်အခဲတွေ ရှိရှိ အတူတူကျော်ဖြတ်ကြမယ်နော်တဲ့။ သူတို့နှစ်ဦးဟာ ၂၀၁၈ခုနှစ် မေလ(၃၁) ရက်နေ့က နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။


 



Photo : ပိုးအိအိခန့်

၂၀၁၉ခုနှစ်၊ မေလ(၃၁) ရက်နေ့က အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ အိမ်ထောင်သက်တမ်း(၁)နှစ်တိတိပြည့်တဲ့ နေ့လေးဖြစ်ပါတယ်။ (၁)နှစ်ကနေ အနှစ်(၁၀၀၀)အထိ လက်တွဲမဖြုတ်ဘဲ နားလည်မှု ပျော်ရွှင်မှုတွေနဲ့ ဘဝကို ဖြတ်သန်းသွားချင်တယ်လို့ ပိုးအိအိခန့် ဆိုပါတယ်။

“Happy 1 Year Marriage Life❤️ ပါယောကျာ်းရေ Aung Thu ဘာအခက်အခဲတွေပဲ ရှိရှိ အတူတူကျော်ဖြတ်ကြမယ်နော်

ဒီနေ့လေးမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းတွေ သက်သေထူပြီး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့တာလေးကို ဘယ်တော့မှ မမေ့ဘူး

အခု ၁ နှစ်ကနေ ၁၀ နှစ် ,အနှစ် ၁၀၀ , အနှစ် ၁၀၀၀ တွေထိ တွဲလက်မဖြုတ်ဘဲ နားလည်မှု ပျော်ရွှင်မှုတွေနဲ့ဖြတ်သန်းသွားချင်ပါတယ်” ဆိုပြီး မေလ(၃၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Game ကစားရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကလည်း ဆန်းကြယ်လွန်းပါတယ်။ အောင်သူဟာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု ရရှိထားသူ ဖြစ်သလို ပိုးအိအိခန့်ဟာလည်း ယောကျ်ားလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေ ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က