ငယ်ငယ်တုန်းက Single ဖြစ်တာ အရမ်းရှားတယ်။

ဖွေးဖွေးကတော့ ငယ်စဉ်တုန်းက ဖြတ်သန်းခဲ့တဲ့ သူမရဲ့ အချစ်ရေး အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Phway Phway



ဖွေးဖွေးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလေ့မရှိတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ် ၈ မီလီယံ ပြည့်သွားတဲ့ အထိမ်းအမှတ်အဖြစ် သူမရဲ့ အချစ်ရေး အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။ 

 “ ၈ မီလီယံပြည့်သွားတာနဲ့ တန်အောင်လို့ အချစ်ရေးအကြောင်း နည်းနည်းပြောပြမယ်နော်။ ဒီစကားကို ပြောလေ့ ပြောထ မရှိပါဘူး။ ငယ်ငယ်တုန်းကဆိုရင် Single ဖြစ်တာ အရမ်းရှားတယ်။ ဘေးနားမှာ တစ်ယောက်ယောက်ရှိနေမှပေါ့။ ရည်းစားတစ်ယောက်မဟုတ်ရင်တောင် အီစီကလီ တစ်ယောက်ယောက်ရှိ နေရတာကို ဖွေးက သဘောကျတယ်။ အသက် ၁၉ နှစ်၊ ၂၀ နှစ်လောက်ကပေါ့။ အခုကတော့ တစ်ယောက်တည်း အရမ်းပျော်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်တာလဲ ဝယ်လိုက်မယ်၊ သူငယ်ချင်းတွေကိုလည်း ပိုဂရုစိုက်မယ်၊ ပြီးတော့ မေတ္တာတွေ များလာတဲ့ ဖွေးဖွေး ဖြစ်လာတယ်။ အိမ်ထောင်မပြုတာ ဖွေးအတွက်တော့ ကောင်းပါတယ်” ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ ည (၉) နာရီခွဲက Live ထဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Phway Phway

ဖွေးဖွေးကတော့ သရုပ်ဆောင်အလုပ်သာမက သီချင်းဆိုတာကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် Stay Home ကာလမှာ သူမကိုယ်တိုင် သီဆိုထားတဲ့ " ငါ့ကမ္ဘာထဲ" ၊ "ဘိုမ" စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားတာလည်း တွေ့ရပါတယ်။ သူမဟာ ပန်းချီဆွဲတာကိုလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်တာကြောင့် အလုပ်တွေ အားတဲ့ရက်တွေမှာ မကြာခဏ ပန်းချီလေးတွေ ဆွဲဖြစ်တယ်လို့ Live ထဲမှာ ပြောပြခဲ့ပါတယ်။ အနုပညာအလုပ်ကို ရူးသွပ်လွန်းသူ တစ်ယောက်ဖြစ်တာကြောင့် အနုပညာနဲ့ ပတ်သက်တာမှန်သမျှ အကုန်လုံး ဝါသနာပါတယ်လို့ ဆိုပါတယ်။ 

Photo: Phway Phway

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က