ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ အနုပညာအလုပ်တွေ လုပ်ခဲ့တုန်းကထက် မိသားစုဘဝ ထူထောင်လိုက်တဲ့ အချိန်မှာ အရမ်းကို ပြောင်းလဲ လာခဲ့ပြီလို့ ဆိုပါတယ်။ 

Photo: Thinzar Nwe Win


သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်သွားတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အများကြီး ပြောင်းလဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဝတ်အစား ဝတ်တာကအစ သေသေချာချာ ဂရုစိုက် နေထိုင်တယ်လို့ Duwun ကို ပြောလာပါတယ်။ 

“ အိမ်ထောင်ပြုပြီးတဲ့ အချိန်မှာ အများကြီးတော့ ရင့်ကျက်သွားတယ်။ သားသမီးမရှိရင်တောင်မှ ကိုယ့်ယောင်္ကျားအတွက် စားဖို့သောက်ဖို့ အနည်းနဲ့ အများတော့ စီစဉ်ပေးရမယ်လေ။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင်လည်း ရှေ့ရေးကို ကြိုတွေးမိလာတယ်။ အဝတ်အစား ဝတ်တာက အစ အတိုအပြတ် တွေ မဝတ်တော့ဘူး။ အခုချိန်မှာ သင်ဇာ့ကို လူတွေ မြင်စေချင်တဲ့ ပုံစံက ကျက်သရေရှိရှိ၊ မိန်းကလေး ပုံစံပီပီသသဖြစ်အောင် ကြိုးစားနေထိုင်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Thinzar Nwe Win

အခုဆိုရင်တော့ သဉ္ဇာနွယ်ဝင်း ဟာ သားတစ်ယောက်၊ သမီးတစ်ယောက်ပိုင်ဆိုင်ထားပါပြီ။ ရင်သွေးလေး (၃) ယောက်ယူဖို့ ဆုံးဖြတ်ထားပေမယ့် သားနဲ့ သမီးနဲ့ ပြည့်စုံနေပြီလို့ သူကဆိုပါတယ်။

“ သမီးလေး မမွေးခင်တုန်းကတော့ (၃) ယောက်ယူဖို့ စဉ်းစားထားတာ အခုတော့ (၂) ယောက်ပဲ တော်ပြီ။ အခုချိန်မှာ ပိုက်ဆံရှာရလည်း ခက်တယ်။ ကလေးကျောင်းစာရိတ်ကလည်း အရမ်းကြီးတာ။ ကလေးမွေးပြီးရင် ကျောင်းထားဖို့တင်မကဘူး သူတို့ လိုချင်တာတွေလည်း ဝယ်ပေးရတယ်။ အမေဆိုတော့ မဝယ်ပေးနိုင်ရင်လည်း စိတ်မကောင်းဘူး။ အဲဒါကြောင့် ကလေး(၂) ယောက်ပဲ ယူတော့မယ်လို့ ဆုံးဖြတ်လိုက်တာ”လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: My Dream

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုး ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က