ဆန်(၆) ပြည် တစ်အိတ်၊ နေကြာဆီ(၅၀)သားတစ်ဗူး၊ ကြက်သွန်နီ (၁)ပိသာ နဲ့ ငါးသေတ္တာဗူး တစ်ဗူးပါဝင်ပါတယ်။

သရုပ်ဆောင် ချောရတနာတို့ မိသားစုကတော့ We Love Yangon ကနေတဆင့် စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မိသားစုဝင်တွေ အတွက် အလှူအတန်းလုပ်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Mg Mg Aye



သရုပ်ဆောင် ချောရတနာတို့ မိသားစုကတော့ We Love Yangon ကနေတဆင့် အိမ်ထောင်စု (၁၀၀) စာအတွက် ဆန်(၆) ပြည် တစ်အိတ်၊ နေကြာဆီ(၅၀)သားတစ်ဗူး၊ ကြက်သွန်နီ (၁)ပိသာ နဲ့ ငါးသေတ္တာဗူး တစ်ဗူး စသည်တို့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ဒီအလှူအတွက် We Love Yangon မှာ လုပ်အားပေး ပါဝင်နေတဲ့ ကိုမောင်မောင်အေးက ကျေးဇူးတင်စကားဆိုလာပါတယ်။ 

"WeLoveYangon - Door to Door Donation ။ အိမ်ထောင်စု တစ်စုလျင် (10000) တန် ပက်ကေ့ခ်ျဖြင့် အိမ်ထောင်စု ( ၁၀၀ ) စုသို့ မျှဝေရန်။ ဦးကျော်လင်း+ ဒေါ်ချောရတနာ သား ကောင်းသုတကျော်. သမီး ချောမြတ်ဟေသာ မိသားစု မှ သား ကောင်းသုတကျော် (၆) နှစ်ပြည့် မွေးနေ့အလှူကုသိုလ်အဖြစ် (၁၀) သိန်းကျပ်လှူဒါန်းပေးခဲ့ပါတယ်။ မြင်ရကြားရသူများ ကုသိုလ်ထပ်တူရရန် သာဓုခေါ်ဆိုနိုင်ပါတယ်" ဆိုပြီးတော့ ဧပြီလ ၆ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Mg Mg Aye

ဒီအလှူမှာတော့ အိမ်ထောင်စု တစ်စုကို ဆန်(၆) ပြည် တစ်အိတ်၊ နေကြာဆီ(၅၀)သားတစ်ဗူး၊ ကြက်သွန်နီ (၁)ပိသာ နဲ့ ငါးသေတ္တာဗူး တစ်ဗူး ပါဝင်မှာ ဖြစ်ပါတယ်။ ချောရတနာက ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပါဘူး။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ 

Photo: Mg Mg Aye

သူမဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က