ဒဂုံဆိပ်ကမ်းမှာ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ချစ်သုဝေကတော့ အလှူအတန်းတွေလုပ်ရင်း စားဝတ်နေရေးအခက်ကြုံနေရတဲ့ ဘဝအခြေအနေလေးတွေ နားထောင်ရင်း စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ 

Photo: Chit Thu Wai



အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ နေရာလေးတွေကို သွားရောက်ပြီး အိမ်ထောင်စု(၃၁၈)စုအတွက် အလှူအတန်းတွေ လုပ်ခဲ့တာတွေ့ရပါတယ်။ ဆင်းရဲသားပြည်သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို နားထောင်ခွင့်ရခဲ့တယ်လို့လည်း ချစ်သုဝေက ပြောပြလာပါတယ်။ 

"သူတို့လေးတွေနဲ့တွေ့ရတာ စကားတွေပြောခွင့်ရတာ ကူညီနိုင်တာတွေပြောပြ ကူညီခွင့်ရတာ ရှေ့ဆက်ဘာတွေလုပ်ပေးနိုင်မလဲဆိုတာတွေအထိ အတွေးတွေအများကြီးရခဲ့တယ်။ ဒီနေ့ အိမ်ပြင်ထွက်ရကျိုးနပ်ခဲ့တယ်။ ဘဝအခြေအနေများစွာကိုမြင်တွေ့ခံစားရတာ ရင်ထဲတစ်ဆို့နေရောပါပဲ" ဆိုပြီးတော့ ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Chit Thu Wai

လက်ရှိမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို မကြာခဏ သွားရောက် လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် နောက်ထပ် အလှူရှင်များအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကိုသာ လွှဲပေးစေချင်တယ်လို့ လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Chit Thu Wai

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။ 

Photo: Chit Thu Wai

အဆိုတော်ချစ်သုဝေကတော့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သမီးလေး နှစ်ယောက်နာမည်နဲ့ " ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း ထူထောင်ထားတာ တွေ့ရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေတယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က