ဒီနေ့ည (၈း၃၀)မှာ ကစားသွားမှာပါ။

ဒီနေ့ည (၈း၃၀)အချိန်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၆)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူ နဲ့ ဝုလ်ဗ်တို့ရဲ့ ပွဲကို ကစားသွားကြမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ တန်းတက်အသင်းဆိုပေမယ့် မာကျောတဲ့ ခြေစွမ်းပိုင်ဆိုင်ထားတဲ့ ဝုလ်ဗ်နဲ့ (၃)ပွဲဆက် ပြန်လည်အနိုင်ရရှိထားတဲ့ မန်ယူတို့ ထိပ်တိုက်တွေ့ဆုံနေတာမို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် ဒီပွဲစဉ်အတွက် သိထားသင့်တဲ့ အချက်အလက်၊ အကြောင်းအရာ နဲ့ သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

 

- မန်ယူအသင်းမှာ ရက်ဖို့ဒ်  နဲ့ မာတစ်တို့ ပွဲပယ်ခံထားရတာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

- ချန်ပီယံလိဂ်ပွဲကို လိုက်ပါမသွားတဲ့ ဗလန်စီယာ နဲ့ လင်ဂတ်တို့ ပွဲထွက်လာဖွယ် ရှိပါတယ်။

Photo : 101 great goals

 

- ဖီးလ်ဂျုံး၊ ဟာရဲရား နဲ့ ရိုဟိုတို့ ဒဏ်ရာပြသနာအနည်းငယ် ရှိနေပါတယ်။

- ဝုလ်ဗ်မှာတော့ တောင်ပံကစားသမား အိုင်ဗန်ကာဗယ်လီယို နောက်ကျောဒဏ်ရာ ရှိနေပါတယ်။

- အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ထရာအိုယေး ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

 

အချက်အလက်များ

 

- အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၆)ကြိမ်စလုံးကို မန်ယူက အနိုင်ကစားထားပါတယ်။

- ဝုလ်ဗ်ကတော့ အိုးထရက်ဖို့ဒ်မှာ လာကစားတဲ့ နောက်ဆုံး (၇)ကြိမ်မှာ (၂)ဂိုးသာ ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။

- မန်ယူက နောက်ဆုံးခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း (၅)ပွဲမှာ (၃)ပွဲသာ အနိုင်ရထားပါတယ်။

Photo : 101 great goals

 

- ၂၀၁၄ နောက်ပိုင်း မန်ယူဟာ အိမ်ကွင်းမှာ (၂)ပွဲဆက် မရှုံးနိမ့်ထားပါဘူး။

- မော်ရင်ဟိုရဲ့ နည်းပြသက်တမ်းမှာလည်း အိမ်ကွင်းမှာ ဘယ်တုန်းကမှ (၂)ပွဲဆက် မရှုံးနိမ့်ထားဘူးလို့ သိရပါတယ်။

- ဝုလ်ဗ်ကတော့ ပရီးမီးယားလိဂ်နောက်ဆုံး (၂)ပွဲလုံးကို (၁-ဝ)တွေနဲ့ အနိုင်ရထားပါတယ်။ ၁၉၈၀ နောက်ပိုင်း ဝုလ်ဗ်ဟာ လိဂ်ပွဲ (၃)ပွဲဆက် ဘယ်တုန်းကမှ အနိုင်မရခဲ့ဖူးပါဘူး။

Photo : 101 great goals

 

- တန်းတက်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ အိမ်ကွင်းပွဲ (၄၉)ပွဲမှာ မန်ယူဟာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၅ တုန်းက နော်ဝှစ်ချ်ကို ၁-၂ နဲ့ ရှုံးခဲ့တာပါ။

- လူကာကူကတော့ မန်ယူအတွက် ဒီရာသီမှာ (၄)ဂိုးသွင်းယူပေးထားပါတယ်။

- ဆန်းချက်ဇ်ဟာ တန်းတက်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် (၂၂)ပွဲမှာ သွင်းဂိုး ၁၉ဂိုးနဲ့ ပတ်သက်ခဲ့ပြီး (၁၅)ဂိုးသွင်းကာ (၄)ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။

Photo : 101 great goals

 

- အိုးထရက်ဖို့ဒ်မှာ ဝုလ်ဗ်တို့ နိုင်ပွဲမရတာ (၃၈)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

Man-Utd-team-news-1516680.jpg

TW5kJz1A.jpg 

ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်

 

အိုးထရက်ဖို့ဒ်မှာ အနိုင်ရဖို့ဆိုတာ ဝုလ်ဗ်အတွက်တော့ ခမ်းနားတဲ့ အိပ်မက်တစ်ခုလိုပါပဲ။ ယန်းဘွိုင်းနဲ့ပွဲမှာ မန်ယူက ကောင်းမွန်တဲ့ ရလာဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ မန်ယူရဲ့ အရည်အသွေးက ဝုလ်ဗ်ထက် မြင့်မားနေပြီး အိမ်ကွင်းမှာ နိုင်ပွဲဆက်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ မန်ယူကပဲ ၃-၁ လောက်နဲ့ နိုင်သွားဖို့ ရှိပါတယ်။

Share

Loading Next Article...
က္က