လီဗာပူးအသင်းကပဲ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။

လက်စတာအသင်းနိုင်ပွဲရရှိခဲ့ပေမယ့် စပါးအသင်းကတော့ ၄ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

တနင်္ဂနွေညပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ခရစ္စတယ်ပဲလေ့စ်-လက်စတာ၊ အဲဗာတန်-စပါး တို့ပွဲစဉ်၂ ပွဲလုံး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြပြီး အဝေးကွင်းအသင်းတွေရဲ့ ပုံစံကောင်းကြောင့် အိမ်ရှင်အသင်းတွေ ရ မှတ်မဆုံးရှုံးဖို့အတွက် ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။

ည ၈း၃ဝမှာကစားခဲ့တဲ့ ပဲလေ့စ်-လက်စတာပွဲစဉ်ကတော့ နှစ်ဖက်တိုက်စစ်အားပြိုင်မှုနဲ့အတူ ပရိသတ် စိတ်ကြိုက်ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ၊ အယူးစ်တို့ရဲ့ တွဲလုံးတွေက ဂိုးရနို င်လော က်တဲ့အထိနီးစပ်ခဲ့ပေမယ့် လက်စတာအသင်းကလည်း အဝေးကွင်းမှာ ဂိုးမပေးရဖို့အတွက်အကောင်း ဆုံးပုံစံရှိနေခဲ့ပါတယ်။

ပထမပိုင်းတစ်ပိုင်းလုံးအပြန်အလှန်တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပေမယ့် ဂိုးရရှိခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်း ေ ရာက်မှသာ ဂိုးရရှိခဲ့တာပါ။



လက်စတာအတွက် ဦးဆောင်ဂိုးကို နောက်ခံလူဆိုယွန်စ်က ခေါင်းတိုက်  သွင်းခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ဗာဒီက အသင်းဖော်ဂါရေးလ်ရဲ့ဖန်တီးပေးပို့မှုကို ၁၈ ကိုက်စည်း အတွင်း လှလှပပအဆုံးသတ်ပြီး ဂိုးအဖြစ်အဆုံးသတ်နိုင်ခဲ့လို့ ပွဲအပြီးမှာ လက်စတာတို့ ၀-၂နဲ့အနိုင်ရရှိ ခဲ့တာပါ။

အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ အဲဗာတန်-စပါးပွဲစဉ်ကတော့ Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်အြ ဖစ်ဆ က်ရှိနေခဲ့ပါတယ်။ ရလဒ်ပိုင်းဆိုးရွားနေတဲ့ စပါးအသင်းရဲ့ရုန်းအားကို မြင်ခဲ့ရသလို အမှတ်ပေး ဇယားေ အာက်ခြေကို ရောက်နေတဲ့အဲဗာတန်အသင်းကစားသမားတွေရဲ့ ညှစ်အားတွေကလည်း ပြိုင်ဆိုင်မှုအ ပြင်းထန်ဆုံးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၃မိနစ်မှာ အဲဗာတန်တိုက်စစ်ကစားသမားအိုင်ဝိုဘီရဲ့အမှားကနေဆင့် ရရှိလာတဲ့အခွင့်အရေး ကို ဆွန်ဟောင်မင်က အသင်းဖော်ဒယ်လီအလီကိုဖန်တီးပေးရာကနေတ ဆင့် စပါးတို့ဦးဆောင်ဂိုး အ ဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၉မိနစ်မှာတော့အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့ပြီး အန်ဒရီဂိုးမက် ဇ်ကို ခြေထောက်ကျိုးတဲ့အထိဖျက်ထုတ်ပုံကြမ်းခဲ့တဲ့ဆွန်ဟောင်မင်အနီကတ်ပြထုတ်ပယ်ခံရပြီးတဲ့နော က် အဲဗာတန်တို့ အခွင့်အရေးအချို့ရရှိလာခဲ့ပါတယ်။

အချိန်ပို ၁၂မိနစ်အထိသတ်မှတ်ပေးခဲ့ရပြီး ပွဲပြီးခါနီးတစ်ယောက်လျော့ကစားခဲ့ရတဲ့ စပါးအသင်းကိုအဲ ဗာတန်တို့ ဖိအားပေးနိုင်ခဲ့သလို အဖိုးတန်ချေပဂိုးကိုလည်းရယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၉ရမိနစ်မှာလူစားဝ င်တိုက်စစ်မှူးတိုလ်ဆန်ကအသင်းဖော်ဒစ်ဂျ်နေးရဲ့ဖန်တီးမှုကို ခေါင်းတိုက်အဆုံးသတ်ကာဂိုးအဖြစ်ေ ပြာ င်းလဲပေးခဲ့လို့ ပွဲအပြီးမှာ ၁-၁ သရေရလဒ်သာ ထွက်ပေါ်လာခဲ့ပါတယ်။

Share

က္က