ဒုတိယမြောက်ရင်သွေးလေးတစ်ဦးကို ပိုင်ဆိုင်တော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ နောက်ထပ်သားသမီးတစ်ဦးကို ပိုင်ဆိုင်တော့မယ့်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဇနီးသည်အန်နာပင်ဟိုဟာ သားယောကျ်ားလေးတစ်ဦးကို ကိုယ်ဝန်ဆောင်ထားရပြီးတော့ ဖာနန်ဒက်စ်က သူ့ရဲ့အင်စတာဂရမ်ကတဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ လက်ရှိမှာသမိးတစ်ဦးမွေးဖွားထားတာဖြစ်ပါတယ်။ သူဖော်ပြခဲ့တဲ့ ဓာတ်ပုံမှာတော့ သမိးဖြစ်သူက မိခင်ဖြစ်သူရဲ့ ကိုယ်ဝန်ဆောင်ဝမ်းဗိုက်ကို နမ်းရှုံ့နေတဲ့ အဖြူအမည်းဓာတ်ပုံဖြစ်ပြီး "သမီးလေးအတွက် နောက်ထပ်တစ်ယောက်"လို့ ရေးသားခဲ့တာကြောင့် နောက်ထပ်ပိုင်ဆိုင်မယ့်ကလေးငယ်က သားယောကျ်ားလေးဆိုတာကို သိရှိရတာဖြစ်ပါတယ်။ အန်နာပင်နာကလည်း သူ့ရဲ့ကိုယ်ဝန်လွယ်ထားတဲ့ပုံကို သမီးငယ်နဲ့အတူ ရိုက်ကူးခဲ့ပြီး "A boy on the way" လို့ ရေးသားဖော်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ၈ ပွဲကစားပေးထားပြီး ၃ဂိုးသွင်းကာ ၃ကြိမ်ဖန်တီးပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု နဲ့ ယူနိုက်တက်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်ကစားသမားဘဝအစမှာပဲ အောင်မြင်မှုတွေရရှိနေပြီး ပရိသတ်တွေရဲ့အားပေးမှုကိုပါ ရရှိခဲ့တဲ့ ဖာနန်ဒက်စ်က ကြည်နူးဝမ်းသာဖွယ်ရာသတင်းတစ်ခုကို ပရိသတ်တွေဆီ အရောက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ ယူနိုက်တက်ကို ပေါင် ၆၄သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

Share

က္က