ထက်ဦးထွဋ်ဟာ COVID-19 ကာလမှာ ရောဂါပြန့်ပွားမှု မဖြစ်အောင် သေသေချာချာ ဂရုတစိုက်နေထိုင်သင့်တဲ့အကြောင်းတွေ ပြောလာပါတယ်။
Photo: Htet Oo Htut
COVID-19 ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြည်သူတွေ အနေနဲ့ အတတ်နိုင်ဆုံး အိမ်မှာနေပေးကြဖို့ တိုက်တွန်းထားပါတယ်။ သရုပ်ဆောင် ထက်ဦးထွဋ်ကလည်း သူချစ်ရတဲ့ ပရိသတ်တွေကို အိမ်မှာနေပြီး ရောဂါ ကာကွယ်ဖို့အတွက် Duwun Media ကနေ အခုလို ပြောပြလာပါတယ်။
" အခုလို Stay Home နေနေရတဲ့အချိန်က အရမ်းကောင်းပါတယ်။ အိမ်မှာနေခြင်းဖြင့် ရောဂါပြန့်ပွား မှုတွေကို လျှော့ချပေးနိုင်တယ်။ မဖြစ်မနေမို့လို့ အပြင်တွေ သွားရမယ် ဆိုရင်လည်း အိတ်ထဲမှာ Handgel ၊ ဒါမှမဟုတ် Spary တွေ ဆောင်ထားသင့်တယ်။အပြင်ကနေ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးခဲ့တိုင်း လက်ဆေးဖို့အတွက် တိုက်တွန်းချင်တယ်။ အပြင်သွားရင်လည်း Mask တပ်ကြပါနော်" သူကဆိုပါတယ်။
Photo: Htet Oo Htut
လက်ရှိမှာ COVID-19 ကူးစက်ရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့လျှက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း ကူးစက်ရောဂါ ခံစားနေရသူ၊ ပျောက်ကင်းသွားသူတွေလည်းရှိပါတယ်။ COVID-19 ရောဂါကြောင့် စားဝတ်နေရေး ထိခိုက်ခဲ့ရတဲ့ ပြည်သူတွေလည်းရှိတာကြောင့် ကျန်းမာရေးဝန်ကြီးဌာန နဲ့အတူ အနုပညာရှင်များစွာတို့ကလည်း တစ်ဖက်တစ်လမ်းကနေ အလှူအတန်းတွေလုပ်ရင်း ကူညီပေးနေတာကို တွေ့ရပါတယ်။
Photo: Htet Oo Htut
ထက်ဦးထွဋ်ဟာ အရင်တုန်းက အိမ်မှာ မလုပ်ဖြစ်တဲ့ အရာတွေကို Stay Home ကာလမှာ လုပ်သင့်တယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်ကလည်း တစ်နေ့တာဖြတ်သန်းမှုတွေ အကြောင်းပြောပြခဲ့ပြန်ပါသေးတယ်။
“ အခုချိန်မှာ ပရိသတ်တွေလိုပဲ ကျွန်တော်လည်း Stay Home နေရပါတယ်။ ပုံမှန် အမြဲတမ်း အပြင်မှာအလုပ်လုပ်နေရတဲ့ သူတွေအတွက်တော့ ဒီအခြေအနေဟာ အရမ်းပျင်းဖို့ကောင်းမှာပါ။ ကျွန်တော်လည်း တော်တော်ပျင်းနေပါပြီ။ အရင်တုန်းကဆို စာဖတ်ဖြစ်တယ် အခုက မဖတ်ဖြစ်ဘူး Mobile Game တွေ ဆော့ဖြစ်တယ်။ ရုပ်ရှင်တွေ ကြည့်တယ် ဒီလိုနဲ့ပဲ တစ်နေ့တာကို ဖြတ်သန်းဖြစ်နေပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Bling Bling
ထက်ဦးထွဋ်ကိုတော့ Boy Love Series တစ်ခုဖြစ်တဲ့ ‘’Innocence’’ ဇာတ်လမ်းတွဲမှာပါဝင်မယ့် မြူခိုး ကာရိုက်တာနဲ့ ပရိသတ်တွေ ပိုသတိထားမိခဲ့ကြ တာပါ။ ဒီဇာတ်လမ်းတွဲကနေ နှုတ်ထွက်လိုက်တဲ့ အချိန်မှာတော့ ပရိသတ်အားပေးမှု လျော့နည်းသွားတယ်လို့ သူက ဆိုပါတယ်။ သူဟာ Model တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းတော့မယ်လို့လည်း သိရပါတယ်။ မကြာသေးခင်က Dutch Mill Shining Star ရဲ့ Winner တစ်ယောက်ဖြစ်လာပြီးတဲ့ နောက်မှာတော့ ဇာတ်ကားရိုက်ကူးဖို့တွေ လာရောက် ကမ်းလှမ်းထားတာ ရှိတယ်လို့ သူက ပြောပါတယ်။