သူမတို့ မိသားစုလည်း အိမ်မှာပဲနေတယ်လို့ ဆိုပါတယ်။

စမိုင်းလ်ဟာ COVID-19 ကာကွယ်ရေးအတွက် ကြိုးစားနေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကူညီပေးခြင်းအားဖြင့် အိမ်မှာနေကြမယ်လို့ ဆိုပါတယ်။ 

Photo: Smile



သရုပ်ဆောင် စမိုင်းလ် ကတော့ COVID-19 ကာလမှာ အိမ်မှာနေရင်း တစ်နေ့တာကို ဖြတ်သန်းကြဖို့ ပြောပြလာပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို တစ်ဖက်တစ်လမ်းက ကူညီကြမယ် လို့လည်း သူကဆိုပါတယ်။ 

" ရှေ့တန်းမှာတိုက်ပွဲဝင်နေကြတဲ့ ဆရာဝန် ၊သူနာပြု နဲ့ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၊ Volunteer များဟာ ကျွန်မတို့အိမ်မှာအေးအေးဆေးဆေးနေဖို့အတွက် ရှေ့ကနေသူတို့ရဲ့အိမ်ကိုစွန့် အသက်တွေကိုမမှုပဲတိုက်ပွဲဝင်ပေးနေရတာပါ။ Q ဝင်နေတဲ့လူတိုင်းလည်း သူတို့ရဲ့အိမ်ကိုပြန်ချင်ကြမှာပါပဲ။ ဒါပေမဲ့အများကောင်းဖို့အတွက်သူတို့လည်း အိမ် နဲ့ဝေးပြီး Q ဝင်နေကြရတာပါ။ေ ရာဂါဖြစ်တဲ့သူတိုင်းလည်း သူတို့အိမ်ပဲဝေးပြီး ဆေး ရုံ မှာနေနေပြီး အသက်ရှင်ဖို့ကြိုးစားနေကြတာပါ။ကျွန်မတို့လည်း ကျွန်မတို့ချစ်တဲ့ အိမ် ကနေဘယ်မှမသွားပဲ ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး မြန်မာပြည်ကြီးကိုကယ်တင်ကြရကြအောင်လား။ #Stayathome #Staysafe" ဆိုပြီးတော့ ဧပြီလ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Smile

စမိုင်းလ်ဟာ ရန်ကုန်မြို့က အသက်ရှုစက်လိုအပ်နေတဲ့ ဆေးရုံတစ်ရုံမှာ အသက်ရှုစက် လှူဒါန်းသွားဖို့လည်း ရှိတယ်လို့ ဧပြီလ ၂၈ ရက်နေ့ညက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ သူမတို့ မိသားစုဟာ COVID-19 ကာလမှာ သူတို့ရဲ့ နေအိမ်မှာပဲနေရင်း မိသားစုပျော်ပျော်ရွှင်ရွှင် မုန့်တွေလုပ်စား၊ ဂိမ်းတွေ ဆော့ကစားရင်း တစ်နေ့တာကို အတူတူဖြတ်သန်းနေကြတာ တွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း မိသားစုတွေကို တတ်ထားသမျှ မုန့်လုပ်နည်းတွေနဲ့ မုန့်တွေလုပ်ကျွေးနေတာ ဖြစ်ပါတယ်။ မိသားစု အတူတူ တစ်နေ့တာဖြတ်သန်းမှုတွေကို ဓာတ်ပုံလေးတွေ တင်လေ့ရှိပါတယ်။ 

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က