မိသားစုနဲ့ စကားတွေလည်း အများကြီး ပြောဖြစ်တယ်။

ဟန်တီကတော့ အိမ်မှာနေရတဲ့ ကာလမှာ စာအုပ်တွေလည်းဖတ်ဖြစ်သလို မုန့်တွေ လုပ်စားရင်း ဆီပူလောင်ခဲ့ရတဲ့ အမှတ်တရကို ပြောလာပါတယ်။ 

Photo: Han Thi



ဟန်တီကတော့ COVID-19 ကာလမှာ သူမအတွက် အကျိုးရှိစေမယ့် စာအုပ်လေးတွေ ဖတ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ စာအုပ်လေးထဲက အကြိုက်ဆုံး စာသားလေးကိုလည်း Duwun media ပရိသတ်တွေသိအောင် ပြောပြခဲ့ပါသေးတယ်။ 

“ အခုချိန်မှာ ဖတ်ဖြစ်နေတဲ့ စာအုပ်လေးတွေကတော့ ဟာသလည်း မဟုတ်ဘူး၊ အလွမ်းအဆွေးလည်း မဟုတ်ဘူး အဲဒါတွေက ခေါင်းရှုပ်စေတယ်လို့ ခံစားရတယ်။ အခုက Dan Roan ရဲ့ Show and Tell ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်တယ်။ ဒီစာအုပ်ထဲမှာ ဟန်တီ သဘောကျဆုံး တစ်ခုက “အမှန်အတိုင်း ပြောလိုက်တယ်ဆိုရင် ဘာမှ မှတ်ထားစရာ မလိုဘူး” ဆိုတဲ့ စာသားလေးပေါ့နော်။ ကိုယ့် ဘဝအတွက်လည်း တကယ်ကို အသုံးဝင်မယ့် စာအုပ်လေးပါ” လို့ သူကဆိုပါတယ်။ 

Photo: Han Thi

ဟန်တီက အိမ်မှာနေတဲ့ နေ့ရက်တိုင်း မိသားစုနဲ့ အတူတူ မုန့်တွေ လုပ်စားဖြစ်ပါတယ်တဲ့။ မုန့်လက်ကောက် ကြော်စားရင်း ဆီပူလောင်ခဲ့သေးတယ်လို့လည်း ပြောခဲ့ပါတယ်။ 

“ ဟင်းတွေ ချက်တာကတော့ အစုံပါပဲ။ အမှတ်တရ အဖြစ်ဆုံး မုန့်လုပ်တာကတော့ မုန့်လက်ကောက် ကြော်တာပဲ။ ဟန်တီ မကြော်တာလည်း ကြာပြီဆိုတော့ ဆီကို အရမ်းပူအောင် တည်ထားမိတယ်။ မုန့်လက်ကောက် ထည့်လိုက်တဲ့ အချိန်မှာ လက်တစ်ခုလုံးက အစက်လေးတွေ ဖြစ်တာ။ ဆီပေါက်တဲ့အရာကိုလည်း ဆေးလိမ်းထားရတယ်။ နောက်တစ်ခါ မုန့်လက်ကောက်ကြော်ရင် ဆီကို အရမ်းပူတဲ့အချိန်မှာ မထည့်ရဲတော့လောက်အောင် ကြောက်သွားတာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Han Thi

ဟန်တီကတော့ COVID-19 ကာလမှာ အတတ်နိုင်ဆုံး အိမ်မှာ နေတယ်လို့ ဆိုပါတယ်။ မိသားစုတွေနဲ့ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။ 

“ ဒီကာလမှာ ဟန်တီလည်း Stay Home နေဖြစ်ပါတယ်။ မဖြစ်မနေ ဝယ်စရာရှိမှ သာအပြင်ထွက်တာပါ။ အိမ်မှာဆိုရင် မုန့်တွေ လုပ်စားမယ်၊ ရေကူးကြမယ်ပေါ့ ပျော်ပျော်ပါးပါး ဖြတ်သန်းဖြစ်တယ်။ ညနေ ဆိုရင်လည်း Dinner စားရင်း စကားတွေ ပြောကြတာပေါ့။ မိသားစုနဲ့အတူတူ အရင်တုန်းကထက် အချိန်ပိုဖြုန်းဖြစ်ပါတယ်" လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: Han Thi

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က