အိမ့်ချစ်ကတော့ ပရိသတ်တွေ အိမ်မှာနေရင်း အပျင်းပြေရလေအောင် သူမကိုယ်တိုင် သီချင်းလေးတွေနဲ့ ဖျော်ဖြေပေးမယ့် အစီအစဉ်ကို ပြောပြလာပါတယ်။
Photo: Eaint Chit
အဆိုတော် အိမ့်ချစ်ကတော့ သူချစ်ရတဲ့ ပရိသတ်တွေ COVID-19 ကာလ အိမ်မှာနေရင်း မပျင်းရလေအောင် သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီး သီချင်းတွေဆိုပြမယ်လို့ ပြောလာပါတယ်။
"မနက်ဖြန်ကို Live လေးတစ်ခုလုပ်ပါမယ် ။ အိမ်မှာပျင်းနေမယ့်သူတွေ အပျင်းလေးပြေသွားအောင် သီချင်းလေး (၃) ပုဒ်နဲ့ဖျော်ဖြေရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ပျော်ပြီးရင်းပျော်ရမယ့် အစီအစဉ်ကောင်းလေးတစ်ခုနဲ့လည်း မိတ်ဆက်ပေးချင်လို့ပါ။ အချိန်က ညနေ (၇) နာရီအတိစမှာဆိုတော့ Page မှာ Liveလေးကိုစောင့်ကြည့်ဖို့အတွက် ဖိတ်ခေါ်ပါရစေနော်" ဆိုပြီးတော့ မေလ ၇ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။
Photo: Eaint Chit
အိမ့်ချစ်နဲ့ သူမရဲ့ မိသားစုတွေဟာ မေလ(၅) ရက်နေ့တုန်းကလည်း COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲရှိနေတဲ့ ဂီတလောကထဲက Audio စက်အဖွဲ့သား(၂၁၁) ဦးအတွက် ဆန်(၆) ပြည်၊ ဆီ၅၀သားတစ်ဘူး၊ ငရုတ်၊ကြက်သွန်၊ ကြက်ဥ၊ ကော်ဖီမစ်၊ ကွေကာ အစရှိတဲ့စားနပ်ရိက္ခာများနဲ့ တစ်ဦးလျှင်ငွေကျပ်(၁၅၀၀၀) စီ မျှဝေ ထောက်ပံ့ခဲ့တာကိုလည်း တွေ့ရပါတယ်။
Photo: Eaint Chit
အိမ့်ချစ်ဟာ အခုလက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေး တစ်ခုဖြစ်တဲ့ Emily ဆိုတဲ့ Fashion ဆိုင်ကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဂီတအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေသူ ဖြစ်တာကြောင့် သူမရဲ့ မိသားစုကို တင့်တောင့်တင့်တယ် ထားနိုင်တဲ့ သမီးလိမ္မာလေးတစ်ယောက်ဆိုရင် မမှားပါဘူး ။ အခုဆိုရင်တော့ သူမရဲ့ ချစ်သူဖြစ်တဲ့ Eric နဲ့ လက်ထပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
Photo: Firefly Picture
အိမ့်ချစ်(Eint Chit)ကတော့ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အ တူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ် ၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။