ရည်ရွယ်ချက်တွေ အများကြီး ရှိသေးတယ်တဲ့။

အေးသောင်းကတော့ သူမလုပ်ချင်တာတွေကို လုပ်ခွင့်ရအောင် ကူညီပံ့ပိုးပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ အဓိကကတော့ ဖေ့စ်ဘွတ်က အမျိုးတွေ တစ်ယောက် ချင်းစီတိုင်းကို ကျေးဇူးတင်တယ်တဲ့။

 

Photo : Amazing Grace

ပရိသတ်တွေရဲ့အချစ်တော်လေး အေးသောင်းကတော့ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အများကြီး ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။ ရိုက်ချင်တဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေကိုလည်း ရိုက်ခွင့်ရချင်ပါသေးတယ်တဲ့။

ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ  အများကြီးရှိသေးတယ်။ အကောင်အထည်ဖော်နိုင်ဖို့လည်း အများကြီးကြိုးစားရအုံးမယ်လေ။ 

ကိုယ်ရိုက်ချင်တဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေလည်းရိုက်ခွက့်ရချင်သေးတယ်။ ဘဝမှာလုပ်ချင်တာတွေ လုပ်ခွင့်ရအောင် ကူညီပံ့ပိုးသူတွေ အထူးသဖြင် Facebook ကအမျိုးတွေ

တစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကနေတကယ်ကျေးဇူးတင်တယ်နော်” ဆိုပြီး မေလ(၂၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : Amazing Grace

အားငယ်ရတဲ့ နေ့ရက်တွေ မျက်ရည်ကျခဲ့ရတဲ့ ရက်တွေ ရှိခဲ့ပေမယ့် သူမကို အားပေးကြတဲ့ စကားတွေကြောင့် လဲကျနေပေမယ့် ပြန်ထနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

“အားငယ်ခဲ့ရတဲ့နေ့တွေ မျက်ရည်ကျခဲ့ရတဲ့ရက်တွေရှိခဲ့ပေမဲ့ ကိုယ့်ကိုအားပေးကြတဲ့အားပေးစကားတွေ  နှစ်သိမ့်မှုတွေကြောင့် လဲကျခဲ့ပေမဲ့ပြန်ထနိုင်ခဲ့ပါတယ်။  ဆက်ပြီးလျောက်ရမဲ့ နေ့ရက်များစွာအတွက်  အိပ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့အတွက်  ဒီနေ့နဲ့ မနက်ဖြန်တိုင်းမှာကြိုးစားနေပါမယ်” ဆိုပြီး သူမက ဆက်လက် ရေးသားထားပါသေးတယ်။

Photo : Amazing Grace

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


Photo : Amazing Grace

လက်ရှိမှာလည်း သူမပါဝင်ရိုက်ကူးထားတဲ့ “ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲကို မေ(၂၄) ရက်နေ့ကစပြီး Channel 9 မှာ ပြသလျက်ရှိပါတယ်။ သူမနဲ့အတူ သရုပ်ဆောင် ဟိန်းဝေယံ၊ အုပ်သာကျော်၊ ညိမ်းသော်၊ သွန်းဆက်၊ဟန်လေး၊ တို့က အဓိက ပါဝင်ထားကြတာ ဖြစ်ပြီးလ က်ရှိမှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်။

Share

Loading Next Article...
က္က