ဆက်ပြီး ကြိုးစားသွားမယ်တဲ့။

ဘားအံကိုယ်စားပြု အလှမယ် ဆွေဇင်ထက်က မေလ(၃၁) ရက်နေ့ညက Miss Universe Myanmar Crown ကြီးကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာလို့လည်း ပျော်နေပါတယ်။

 

Photo : Miss Universe Myanmar

Miss Universe Myanmar အလှမယ် ဆွေဇင်ထက်က သူမရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့လို့ ပျော်လို့နေပါတယ်။ အခုချိန်ထိ မျက်နှာမငယ်အောင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း အရမ်းချစ်တယ်လို့ သူမက ပြောထားပါသေးတယ်။

Dream Do Come Trueညီမရဲ့အိမ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီပထမဦးဆုံး ညီမကို Miss Universe Myanmarအဖြစ်

ယုံကြည်စွာတာဝန်ပေးအပ်ခဲ့တယ်။ National Director အမစိုးယုဝေ ကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ညီမကို ငယ်ငယ်ထဲကနေ ခုချိန်ထိ စောင့်ရှောက် ဖြည့်ဆည်းပေးတဲ့ အဖေ အမေနဲ့ မမ ကိုလည်း အရမ်းချစ် တယ်။ စူပါမန်း လို့ခုချိန်တဲ့ မျက်နာမငယ်အောင်အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးကိုအရမ်းချစ်တယ်။ရှေ့လျောက်စူပါမန်းကိုအားပေးချစ်ကြတဲ့သူတွေစိတ်မပျက်အောင်  အကောင်းဆုံး ကြိုးစား ပါမယ်လို့ကတိပေးပါတယ်ရှင့် “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : Miss Universe Myanmar

သူမအနေနဲ့ ပြည်ပနိုင်သို့ သွားရောက် ယှဉ်ပြိုင်တဲ့အခါမှာလည်း ဒီထက်မက အများကြီး ကြိုးစားသွားမှာ ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမယ်လို့ ပြိုင်ပွဲအပြီး မီဒီယာတွေကို ဖြေဆိုပေးခဲ့ပါတယ်။ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2013 ကိုတော့ အလှမယ် မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် Miss Universe Myanmar 2014 ကိုတော့ အလှမယ် သျှားထွဋ်အိန္ဒြာက ရရှိခဲ့တာပါ။ တတိယအကြိမ်မြောက် Miss Universe Myanmar 2015 ကိုတော့ အလှမယ် မေဘရဏီသော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

စတုတ္ထအကြိမ်မြောက် Miss Universe Myanmar 2016 ကိုတော့ အလှမယ် ထက်ထက်ထွန်းက ရရှိခဲ့တာပါ။ ပဉ္စမအကြိမ် Miss Universe Myanmar 2017 ကိုတော့ အလှမယ် ဇွန်သံစဉ်က ရရှိခဲ့ပါတယ်။ ဆဌမအကြိမ် Miss Universe Myanmar 2018 ဆုကိုတော့ အလှမယ် နှင်းသွေးယုအောင်က ရရှိပိုင်ဆိုင်ခဲ့တာပါ။ အခု (၇)ကြိမ်ြမောက် ပြုလုပ်တဲ့ Miss Universe Myanmar 2019 ကိုတော့ အလှမယ် ဆွေဇင်ထက်က ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က