အဆိုတော်တွေကိုတော့ မနောက်တော့ပါဘူးတဲ့။

ရတနာမိုင်ကတော့ အဆိုတော်တွေရဲ့ ဟန်ပန်အမူအရာတွေကို လုပ်ပြခဲ့တာ ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်လို့ပြောပါတယ်။ သူကိုယ်တိုင်ကလည်း ခပ်တည်တည်နဲ့ စနောက်တတ်တဲ့သူပါတဲ့။

အဆိုတော်မိုင်လေးက စီနီယာအဆိုတော်တွေရဲ့ ဟန်လေးတွေကို တီဗီအစီအစဉ် တစ်ခုမှာ လုပ်ပြခဲ့လို့ ပရိသတ်တွေက သဘောကျနှစ်သက်ခဲ့တာ တွေ့ရပါတယ်။ ဒါကတော့ ပရိသတ်တွေ မထင်ထားခဲ့တဲ့ သူ့ရဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ နောက်ထပ် အဆိုတော်တွေရဲ့ ပုံစံလေးကိုလည်း လုပ်တတ်သေးတယ်လို့ Duwun Media အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။



‘’ အရင်ကတည်းက စတတ်၊ နောက်တတ်ပါတယ်။ ဦးစိန်ဝင်းထွန်းစတိုင်လ် တို့၊ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူက ဘယ်လို ပုံစံဆိုတာကို လုပ်ပြတတ်ပါတယ်။ ကိုယ်က ရုပ်တည်ကြီးနဲ့ စတတ်၊ နောက်တတ်တဲ့အထဲမှာ ပါ ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Yandanar My

ရတနာမိုင်ကတော့ သူ စတတ်နောက်တတ်ခဲ့တာ မေမေ မိုင် တစ်ယောက်တည်း မဟုတ်ပါဘူးတဲ့ ။ ၂၀၁၈ ခုနှစ်တုန်းက ကွယ်လွန်ခဲ့တဲ့ အဘွားကိုလည်း အရမ်းကို စနောက်ခဲ့ဖူးတဲ့ အမှတ်တရတွေ ပြောပြခဲ့ပြန်ပါတယ်။

‘’ ကိုယ့်ရဲ့ အမေပုံစံလေးတွေ လုပ်ပြတာကတော့ အိမ်မှာ လုပ်ပြဖြစ်တယ်။ အဘွားပုံစံတွေလည်း လုပ်ပြတယ်။ အဘွားက မနှစ်က ဆုံးသွားတယ်။ အဘွားနာမည်က ဒေါ်အေးကြည်တဲ့ သူ့ကို အမြဲတမ်းစတယ်။ ဒေါင်ဒေါင်မြည်တယ် ခေါင်းလောင်းသံ ကျွန်တော် မုန်းတဲ့ အေးကြည်မရယ် ဆိုရင် လိုက်ရိုက်တာ။ ငယ်ငယ်ကတည်းက စနေကြ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့ ညက Shwe FM ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Yandanar My

မိုင်လေးကတော့ အနုပညာမောင်နှမတွေကို ရုပ်သံအစီအစဉ်တွေမှာ စနောက်ဖို့ အစီအစဉ်တွေ မရှိတော့ပါဘူးတဲ့။ အရင်တုန်းကလည်း ဖြူဖြူကျော်သိန်းရဲ့ အရှေ့မှာ ဖြူဖြူ့ရဲ့ စတိုင်လ်တွေ အတိုင်း စနောက်ခဲ့ဖူးတယ်လို့ ပြောပါတယ်။

‘’ နောက်ထပ် စနောက်ပြဖို့တော့ မရှိတော့ပါဘူး။ ကိုယ်လည်း တော်တော်လေးတော့ရှက်တယ်။ ကိုယ့်ကို အပြင်က လူတွေက အံ့သြသွားကြတာပေါ့။ မမခင်ဘုဏ်းကတော့ ပြောတယ်။ မိုင်လေးတဲ့ မမ အိုက်တင် ကျန်ခဲ့သေးတယ်တဲ့။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရွှေကုက္ကိုဘက်မှာ သီချင်းသွားဆိုတာ မမဖြူဖြူလည်းပါတယ်။ အဲ့ဒီတုန်းက တစ်ခန်းထဲမှာ အတူတူနေခဲ့တယ်။ အဲဒီတုန်းကဆိုရင် မမဖြူဖြူက မိုင်လေး မမဖြူစတိုင်လ်လေး လုပ်ပြပါဦး။ ကိုယ့် အစ်ကိုတွေ အစ်မတွေရှေ့မှာတော့ လုပ်ပြဖူးတယ်’’ လို့လည်း ပြောပြခဲ့ပါသေးတယ်။

Photo: Yandanar My

ရတနာ မိုင်ဟာ လက်ရှိမှာတော့ မိုင်လေး အင်တာတိန့်မန့်ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ သီချင်း အေးအေးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ မိခင်ဖြစ်သူ အဆိုတော်ကြီး မိုင် ရဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘’မလွမ်းပို’’ သီချင်းလေးကိုလည်း ပြန်ဆိုခဲ့ချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှု အများကြီး ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း သီချင်းအသစ်လေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ သူမကိုတော့ ဂီတအလုပ်တွေမှာသာ မက သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ ဇာတ်ကားတွေရိုက်ကူးထားတာ တွေ့ရတတ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က