စုစုပေါင်း ကျပ် ၇ သောင်းခွဲ ကျသင့်မှာပါ

စက်ပစ္စည်း devices အလုံး ၂၀ အထိ ချိတ်ဆက်သုံးစွဲနိုင်မယ့် Supernet အိမ်သုံးကြိုးမဲ့ ဝန်ဆောင်မှုကို Ooredoo မှ မိတ်ဆက်လိုက်ပါတယ်။

Photo: Ooredoo

 

တိုင်းနဲ့ပြည်နယ် အနှံ့အပြားမှာ အသုံးပြုနိုင်မယ့် ဒီဝန်ဆောင်မှုကို စတင်မိတ်ဆက်ချိန်မှာ အင်တာနက် မြန်နှုန်း 5Mbps နှုန်းနဲ့ရက် ၉၀ ကြာ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ ဒီဝန်ဆောင်မှုနဲ့အတူ Antennas နဲ့Wireless Router တို့အတွက် စုစုပေါင်း ကျပ် ၇ သောင်းခွဲ ကျသင့်မှာပါ။

Supernet Wireless အင်တာနက်ကို Ooredoo အရောင်းဆိုင်များမှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ရှေ့လထဲမှာတော့ ဖုန်းဆိုင်များမှာပါ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Ooredoo ဟာ ယခုဝန်ဆောင်မှုအတွက် တစ်သမတ်တည်း ဈေးနှုန်းနဲ့အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

WiFi ဝန်ဆောင်မှုတွေကို MyanmarNet ၊ Hi WiFi နဲ့Ananda တို့အပြင် Telenor ကလည်း ကနဦး plan အနေနဲ့ရက် ၉၀ အတွင်း အင်တာနက် ဒေတာအကန့်အသတ်မဲ့ အသုံးပြုနိုင်မယ့် Broadband Wireless အိမ်သုံးကြိုးမဲ့ ဝန်ဆောင်မှုတစ်ရပ် မိတ်ဆက်ထားပါတယ်။

Telenor ရဲ့ Broadband Wireless ကြိုးမဲ့ ဝန်ဆောင်မှုမှာလည်း 5Mbps နှုန်းနဲ့ဝိုင်ဖိုင် router တစ်ခုအပါအဝင် ကျပ် ၇ သောင်းခွဲ ကျသင့်မယ်လို့ဆိုပါတယ်။

Photo: iAngeL Facebook

 

၂၀၁၈ ဒုတိယသုံးလပတ် အချက်အလက်များအရ မြန်မာနိုင်ငံမှာ မိုဘိုင်း အော်ပရေတာ သုံးစွဲသူ ၅၃.၂၀ သန်း ကျော် ရှိလာပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လွှမ်းခြုံမှုဟာ ၁၀၃.၃၂% ရှိလာပြီလို့ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က