သူကိုယ်တိုင်ရိုက်ကူးထားတဲ့ရုပ်ရှင်ကားကြီးလည်း ပါဝင်ထားပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဟာ အိန္ဒြာကျော်ဇင်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံဟောင်းလေးရဲ့ အမှတ်တရကိုပြောရင်း ဒီနှစ်လည်း သူမကို အကယ်ဒမီရစေချင်တယ်လို့ ဆိုပါတယ်။ 

Photo: Mg Myo Min



ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကတော့ အိန္ဒြာကျော်ဇင် အကယ်ဒမီ ပထမဆုံး စရတဲ့ နှစ်တုန်းက ဓာတ်ပုံဟောင်းလေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အိန္ဒြာကျော်ဇင်ကို အကယ်ဒမီရစေချင်တယ်လို့ သူကဆိုပါတယ်။ 

"ပထမဆုံးအကြိမ်သမီးအူဝဲအကယ်ဒမီရတဲ့"မျက်နှာများတဲ့ကောင်းကင်" ရုပ်ရှင်ဇာတ်ကားအကယ်ဒမီဧည့်ခံပွဲအမှတ်တရပုံလေးကို EC ကပို့ပေးလို့ပြန်တင်ပေးလိုက်ပါတယ်။ ဒီနှစ်လည်းသူပဲရပါစေ ဆိုတဲ့နိမိတ်နဲ့ပါ" ဆိုပြီးတော့ မေလ ၂၀ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Mg Myo Min

၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ အကယ်ဒမီ ဆန်ခါတင် စာရင်းထဲမှာ အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး(၅) ကားပါဝင်လာခဲ့ပါတယ်။ ဒီဇာတ်ကားတွေထဲမှာမှ အိန္ဒြာကျော်ဇင်ကို ပရိသတ်တွေက ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကိုယ်တိုင်ရိုက်ကူးထားတဲ့ "ကျွန်မ အချစ်ဆုံး ယောက်ျားသုံးယောက်" ရုပ်ရှင်ကားကြီးနဲ့ တစ်ကြိုပေး ခံထားရတဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။ 

Photo: Online Voting

 ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာတစ်ဦးဆိုလည်း မမှားပါဘူး။ သူရိုက်ကူး ပုံဖော် လိုက်တဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားတွေချည်းပါပဲ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က