မတ်လဆန်းပိုင်းမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်

Apple ရဲ့ တန်ဖိုးသင့် iPhone ဟာ အိန္ဒိယဈေးကွက်ထဲမှာ Testing အလုံးတွေအဖြစ် ရောက်ရှိနေပြီလို့ ဆိုပါတယ်။ 


တတိယမျိုးဆက် iPhone SE သစ်ဟာ Apple ရဲ့ ပထမဆုံး 5G ကွန်ရက်ချိတ်ဆက်မှု ပါလာမယ့် ဘတ်ဂျက်ဖုန်းဖြစ်ပြီး အရင် iPhone SE 2020 ဗားရှင်းထက်တောင် ဈေးပိုသက်သာမယ်လို့ သတင်းတွေ ပြေးနေပါတယ်။ 91Mobiles သတင်းအရ iPhone SE သစ်ဟာ မာ်ဒယ်နံပါတ် A2595 ၊ A2783 နဲ့ A2784 တွေနဲ့ အိန္ဒိယမှာ စမ်းသပ် Testing အလုံးတွေအဖြစ် ဝင်ရောက်ထားတယ်လို့ ဖော်ပြနေပါတယ်။ 



Photo: thetealmango


91Mobiles မှာ ဖော်ပြထားတဲ့ သတင်းတွေအရ iPhone SE 3 ၊ iPad Air သစ်နဲ့ တန်ဖိုးသင့် iPad မော်ဒယ်တွေကို အိန္ဒိယဈေးကွက်ထဲ ဒီနှစ် နွေဆန်းပိုင်းမှာ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ နောက်ဆုံးကြားထားတဲ့ အချက်အလက်တွေအရ iPhone SE 3 ဟာ မတ်လဆန်းပိုင်းမှာ မိတ်ဆက်သွားဖို့ ရှိပြီး Bloomberg သတင်းမှာတော့ Apple ဟာ မတ်လ ၈ ရက်နေ့ဝန်းကျင်မှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ လုပ်ဖို့ ရှိတယ်လို့ ပြောထားပါတယ်။ 

ဒီနှစ်ထဲ တွေ့ရမယ့် iPhone SE 3 ဟာ မျက်နှာပြင်ဆိုဒ် ၄.၇ လက်မကိုပဲ သုံးလာဖို့ ရှိပြီး ဆိုဒ်ပိုကြီးတဲ့ SE Plus ဗားရှင်းလည်း ထုတ်နေတယ်လို့ ဆိုပါတယ်။ iPhone SE သစ်မှာ Face ID မျက်နှာဖတ်စနစ် ၊ 5G ကွန်ရက်နည်းပညာနဲ့ အဆင့်မြှင့်ထားတဲ့ Processor သစ်တွေ ပါဝင်ဖို့ ရှိပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ iPhone XR ပုံစံ notch ဒီဇိုင်းနဲ့ လာပြီး A14 Bionic ဒါမှမဟုတ် A15 Bionic Chipset သုံးမယ်လို့ ဆိုပါတယ်။ 

iPhone SE သစ်နဲ့အတူ ကြေညာသွားဖို့ ရှိတဲ့ iPad သစ်နှစ်မျိုးမှာ iPad Air သစ် (မော်ဒယ်နံပါတ် A2588 နဲ့ A2589) ဟာ ဒေါ်လာ ၅၀၀ ကနေ ၇၀၀ အကြား ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ အိန္ဒိယဈေးကွက်ထဲ စမ်းသပ်အလုံးတွေအဖြစ် တင်ပို့လိုက်တဲ့ ဘတ်ဂျက် iPad (မော်ဒယ်နံပါတ် A2757 နဲ့ A2761) တို့ဟာ ဒေါ်လာ ၃၀၀ ဝန်းကျင်ဈေးနဲ့ ရောင်းချသွားဖို့ ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က