ဈေးကွက်ပြိုင်ဆိုင်မှု ချိုး‌ဖောက်ကြောင်း စုံစမ်းစစ်ဆေးခံထားရပါတယ်

Amazon ဟာ အိန္ဒိယရဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ အွန်လိုင်းဈေးကွက်ပေါ် ရောက်လာဖို့အတွက် ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံသွားမယ်လို့ ကုမ္ပဏီရဲ့ CEO ဂျက်ဘီဇော့စ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က နယူးဒေလီမှာ ရှိတဲ့ ဂျဝါဟလာနေရူးခန်းမဆောင်မှာ ကျင်းပတဲ့ပွဲမှာ Amazon ဟာ အိန္ဒိယထုတ်ကုန်တွေကို အွန်လိုင်းမှာ ရောင်းချနိုင်ဖို့ မြို့ကြီးနဲ့ ကျေးရွာပေါင်း ၁၀၀ မှာ ဒီဂျစ်တယ်စင်တာတွေ တည်ထောင်သွားမယ်လို့ ဆိုပါတယ်။ Amazon ဟာ အိန္ဒိယပြည်တွင်းဖြစ် ထုတ်ကုန်တွေအတွက် ဈေးကွက်ရှာခြင်းနဲ့ ပစ္စည်းသယ်ယူမှုအပိုင်းမှာပါ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo: Reuters

ရင်းနှီးမြှပ်နှံမယ့် ဒေါ်လာ ၁ ဘီလျံဟာ အိန္ဒိယမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်း ၁၀ သန်းကျော်ကို အွန်လိုင်းဈေးကွက်ပေါ် တင်နိုင်အောင် အကူအညီပေးသွားမှာဖြစ်ပြီး လာမယ့် ၂၀၂၅ မှာ ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိတဲ့ အိန္ဒိယထုတ်ကုန်တွေ တင်ပို့နိုင်စေမယ်လို့ ဆိုပါတယ်။ Amazon ဟာ အိန္ဒိယဈေးကွက်ထဲ ဝင်လာခဲ့တဲ့ ၆ နှစ်ကျော် ၇ နှစ်နီးပါးအတွင်း ဒေါ်လာ ၅.၅ ဘီလျံ ရင်းနှီးမြှပ်နှံထားပါတယ်။

အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တွေမှ Amazon ဟာ သိသိသာသာ လျှော့ဈေးပေးထားတဲ့ ထုတ်ကုန်တွေ ရောင်းချခြင်း ၊ ပလက်ဖောင်းပေါ်မှာ ရွေးချယ်ထားတဲ့ အရောင်းဆိုင်ကြီးတွေကိုပဲ ဦးစားပေးခြင်းတွေ လုပ်ပြီး ဈေးကွက်ကနေ သူတို့ကို ကန်ထုတ်နေတယ်လို့ စွပ်စွဲထားပါတယ်။ Amazon ဘက်က ထုတ်ပြန်ရာမှာ ကုမ္ပဏီပလက်ဖောင်းပေါ်မှာ ပြန်လည်ရောင်းချသူ ၅၅၀၀၀၀ ကျော်အတွက် အခွင့်အလမ်းပေးထားပြီး အိန္ဒိယစီးပွားရေး တိုးတက်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Photo : Tech Crunch

လက်လီအရောင်းဆိုင်လုပ်ငန်းပေါင်း သန်း ၇၀ ခန့်ကို ကိုယ်စား အိန္ဒိယကုန်သည်ဖက်ဒရေးရှင်း CAIT ကတော့ ဘီဇော့စ်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း မြို့ပေါင်း ၃၀၀ မှာ ကန့်ကွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ အိန္ဒိယဈေးကွက်ပြိုင်ဆိုင်ရေး ကော်မရှင် CCI ဟာ Flipkart နဲ့ Amazon တို့ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က