ပါတနာ မထားတော့ပါဘူး

Apple ဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ အိန္ဒိယဈေးကွက်ထဲ ရောင်းချဖို့ third-party အရောင်းဆိုင်တွေအပေါ် ဆယ်စုနှစ်တစ်ခုကြာ မှီခိုခဲ့ရပါတယ်။



ဒီနှစ်ထဲမှာ Apple ဟာ အိန္ဒိယနိုင်ငံအတွင်း အွန်လိုင်းစတိုးတစ်ခု ဖွင့်လှစ်သွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်မှ ရင်းနှီးမြှပ်နှံသူတွေကို ပြောကြားကြောင်း Tech Crunch သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး Apple Store ကို ဆောက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ဒုတိယအကြီးစားစမတ်ဖုန်းဈေးကွက်ကြီး ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံအတွင်းက အခွင့်အလမ်းတွေကို Apple CEO တင်မ်ကွတ်ကတော့ အခိုင်အမာယုံကြည်တယ်လို့ ပြောထားပါတယ်။ Tech Crunch သတင်းအရ Apple ရဲ့ အိန္ဒိယမှာ ပထမဆုံးဖြစ်တဲ့ အွန်လိုင်းစတိုးကို ဒီနှစ် တတိယသုံးလပတ်အတွင်းမှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Photo: Tech Crunch

တင်မ်ကွတ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ Apple အမှတ်တံဆိပ်နဲ့ Third-Party စတိုးတွေ လုပ်ကိုင်နေတာမျိုး မဖြစ်စေချင်တာကြောင့် အိန္ဒိယမှာ ကိုယ်တိုင်ဝင်ဖို့ လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အိန္ဒိယအစိုးရဟာ နိုင်ငံသားမဟုတ်တဲ့ ကုမ္ပဏီတွေ ပိုင်ဆိုင်တဲ့ စတိုးတွေပေါ်မှာ ကန့်သတ်မှုများ လုပ်ခဲ့တာကြောင့် Apple ဟာ အိန္ဒိယလုပ်ငန်းခွဲတွေအတွက် Third-Party စတိုးတွေပေါ် ဆယ်စုနှစ်တစ်ခုကြာ မှီခိုခဲ့ရတာပါ။

၂၀၁၈ ခုနှစ်ထဲမှာ အိန္ဒိယအစိုးရဟာ နိုင်ငံခြား brands များ နိုင်ငံအတွင်း မူပိုင် အမှတ်တံဆိပ်စတိုးဆိုင်များ ဖွင့်လှစ်ခြင်းကို တားမြစ်တဲ့ ဥပဒေပယ်ဖျက်ခဲ့ပါတယ်။ သို့သော်လည်း အစိုးရအနေနဲ့ Apple ကို Local Partner တစ်ယောက်နဲ့ တွဲပြီး စတိုးဖွင့်လှစ်စေချင်နေတာပါ။ Apple ဟာ အိန္ဒိယနိုင်ငံအတွင်း မိတ်ဖက်ပါတနာမလိုဘဲ ကိုယ်ပိုင် Apple Store တစ်ခု ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရဆီက အထူးတောင်းဆိုထားပါတယ်။

Photo: therahnuma

"ကျွန်တော်တို့က မိတ်ဘက်လုပ်ဖို့ အကောင်းဆုံး ကုမ္ပဏီမဟုတ်ပါဘူး။ လုပ်ငန်းလုပ်ရာမှာ ကျွန်တော်တို့ နည်းနဲ့ပဲ အလုပ်လုပ်ချင်ပါတယ်။" လို့ တင်မ်ကွတ်က ပြောပါတယ်။ အိန္ဒိယအစိုးရရဲ့ သွင်းကုန်အခွန်များအပေါ် တင်းကြပ်မှုကြောင့် Apple ဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေလိုမျိုး အိန္ဒိယနိုင်ငံအတွင်းမှာ iPhone များ တပ်ဆင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း Apple ဟာ Apple Store အတွက် စတုရန်းပေ ၂၀၀၀၀ ကနေ ၂၅၀၀၀ အကြား ရှိတဲ့ မွမ်ဘိုင်းက သုံးထပ်အဆောက်အဦတစ်ခုကို ငှားရမ်းထားတယ်လို့လည်း Apple Insider သတင်းက ခန့်မှန်းထားပါတယ်။ Canalys သုတေသနအချက်အလက်တွေအရ Apple ဟာ ၂၀၁၉ စတုတ္တသုံးလပတ်အတွင်း အိန္ဒိယနိုင်ငံမှာ iPhone ပေါင်း ၉၂၅၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က