စုစုပေါင်း တပ်မတော်သား(၅)ဦးမှာရောဂါပိုးတွေ့ရှိထားပါပြီ။

အိန္ဒိယနိုင်ငံကနေပြန်လာတဲ့ တပ်မတော်သားတွေထဲက နောက်ထပ်တစ်ဦးမှာ COVID 19 ရောဂါပိုးတွေ့ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ (ဇွန်လ ၉ ရက်) မှာ အတည်ပြုပြောကြားပါတယ်။

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ပြီး မေလ (၂၄)ရက်နေ့ကပြန်လာတဲ့ တပ်မတော်သား (၁၈)ဦးထဲကမှ ကနဦးရောဂါပိုးတွေ့ရှိသူ (၄)ဦးရှိထားပြီး ဒီကနေ့ ထပ်တိုးတစ်ဦးနဲ့ဆို စုစုပေါင်း (၅)ဦးမှာ ရောဂါပိုးတွေ့ရှိထားတာပါ။



အိန္ဒိယကပြန်လာတဲ့ တပ်မတော်သား(၁၈)ဦးမှာ COVID19 ရောဂါပိုးရှိ၊မရှိ ကို ပထမအကြိမ်ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ တစ်ယောက်မှ မတွေ့ရှိရဘဲ ဒုတိယအကြိမ်စစ်ဆေးမှုမှာတော့ (၄)ဦးမှာရောဂါပိုးတွေ့ရှိခဲ့တာပါ။ ကျန်တဲ့ (၁၄)ဦးကို တတိယအကြိမ်မြောက် ထပ်မံပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာတော့ အရာရှိတစ်ဦးမှာ ရောဂါပိုးတွေ့ရှိတာဖြစ်ပါတယ်။

“ အခုဆိုရင် အိန္ဒိယကပြန်လာတဲ့သူ (၁၈)ဦးမှာ (၅)ဦးထိရောဂါပိုးရှိထားပြီ။ ဓာတ်ခွဲစစ်ဆေးမှုကလည်း တတိယအကြိမ်ထိပြုလုပ်ထားပြီးတဲ့ အချိန်မှာ ပိုးရှိသူ (၅)ဦးတွေ့ထားတာ။ ကျန်ရှိတဲ့ (၁၃)ယောက်ကိုလည်း လေးကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးမှုကို နောက်ထပ် (၃)ရက်နဲ့ (၇)ရက်ကြားမှာ ထပ်မံစစ်ဆေးသွားအုံးမှာပါ” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက Duwun ကိုပြောပါတယ်။

ရောဂါပိုးတွေ့ရှိထားတဲ့ တပ်မတော်သား(၅)ဦးစလုံးကို မင်္ဂလာဒုံက အသည်းဆေးရုံကြီးမှာ ဆေးကုသမှုပေးနေပြီး ရောဂါပိုးတွေ့ရှိတာကလွဲလို့ ကျန်းမာပိုင်းဆိုင်ရာအားလုံးကောင်းမွန်တယ်လို့ သိရပါတယ်။ 

အခုရောဂါပိုးတွေ့ရှိတဲ့တပ်မတောသားလူနာက တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားတာဖြစ်ပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ကျန်းမာရေးနင့် အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၉ ရက်နေ့မနက် ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စုစုပေါင်း အတည်ပြုလူနာ ၂၄၄ ဦးရှိနေပြီဖြစ်ပြီး ယခု တပ်မတော်သားတစ်ဦးနဲ့ဆိုရင် အတည်ပြုလူနာ ၂၄၅ ဦး ရှိပြီဖြစ်ပါတယ်။










ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က