ခိုးဝင်တာတွေမဖြစ်အောင် တရားဝင် ဝင်ခွင့်ပေးမယ့် လမ်းကြောင်းတွေကို သတ်မှတ်လိုက်တာပါ။

အိန္ဒိယနိုင်ငံကနေ ပြန်လာမယ့်သူတွေကို ချင်းပြည်နယ် ကျီခါးမြို့နဲ့ ရိခ်ခေါဒါရ်မြို့ နယ်စပ်ဝင်ပေါက် လမ်းကြောင်းတွေက တစ်ဆင့် ပြန်လည်လက်ခံသွားမယ်လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောလိုက်ပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီရဲ့ ခွင့်ပြုချက်အရ အိန္ဒိယနယ်စပ်ကတစ်ဆင့် ဝင်လာမယ့်သူတွေကို ခိုးဝင်တာတွေမဖြစ်အောင် တရားဝင် ဝင်ခွင့်ပေးမယ့် လမ်းကြောင်းတွေကို သတ်မှတ်လိုက်တာဖြစ်ပါတယ်။



“ ကျွန်တော်တို့ တရားဝင်နယ်စပ်လမ်းကြောင်းနှစ်ခုကနေပဲ လက်ခံသွားမယ်။ အရင်ကဆို ရှိသမျှ နယ်စပ်ဂိတ်တွေတဆင့်ဝင်လာတော့ ကျွန်တော်တို့ အနေနဲ့ စစ်ဆေးရတာ အခက်အခဲရှိတယ်။ အခုတော့ တရားဝင် ဒီလမ်းကြောင်းနှစ်ခုကပဲ ဝင်လို့ရမယ်။ အဲလိုမဟုတ်ရင် ဥပဒေအရ အရေးယူခံရမယ်ဆိုပြီးတော့ ကြေညာထားတာလဲ ရှိတော့ ဝင်လာမယ့်သူတွေကို စစ်ဆေးရတာပိုပြီးတော့ လွယ်သွားတာပေါ့” လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ဆိုပါတယ်။

အိန္ဒိယနိုင်ငံ ရဲ့ နယ်စပ်မြို့တွေမှာ ပိတ်မိနေကာ စားဝတ်နေရေးအခက်ကြုံနေရတဲ့ မြန်မာနိုင်ငံသား ၃၀၀ နီးပါးလောက်ရှိနေပြီး အများစုမှာ အိန္ဒိယနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ ရက်ကန်းအလုပ်သမားတွေ၊ ကျမ်းစာသင်ကျောင်းတွေမှာ စာသင်နေတဲ့ ကျောင်းသားတွေ ဖြစ်တယ်လို့သိရပါတယ်။

ဗဟိုကော်မတီရဲ့ ညွန်ကြားချက်အနဲ့ အညီ အိန္ဒိယနယ်စပ်ကနေ ပြန်ဝင်လာပြီး ဖလမ်းမြို့မှာ အသွားအလာကန့်သတ်ထားသူ ၄၉ ဦး၊ ကျီခါးမြို့မှာ အသွားအလာကန့်သတ်ထားသူ ၂၁ ဦး စုစုပေါင်း ၇၀ ဦးရှိနေပြီဖြစ်ပြီး ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ အားလုံးမှာတော့ ရောဂါပိုးမတွေ့ရဘူးလို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီးက ဆိုပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီအနေနဲ့ ပြည်ပနိုင်ငံကနေ တရားမဝင် ခိုးဝင်လာသူတွေ၊ ဝင်လာသူတွေကို လက်ခံတဲ့သူတွေကို တည်ဆဲဥပဒေနဲ့ အညီ အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က