သုံးနှစ်ခွဲကြာ စုံစမ်းစစ်ဆေးမှုလုပ်ပြီးနောက် အိန္ဒိယအာဏာပိုင်တွေဟာ Google ကို ဒေါ်လာသန်းရာနဲ့ချီ ဒဏ်ရိုက်လိုက်ပြီ ဖြစ်ပါတယ်။
အန်းဒရိုက်ထဲက Google ရဲ့ ကိုယ်ပိုင် apps Suite တွေကို အသုံးပြုစေဖို့ ဈေးကွက်နေရာအများအပြားမှာ ကုမ္ပဏီရဲ့ဩဇာလွှမ်းမိုးမှုကို တလွဲအသုံးပြုမှုနဲ့ အိန္ဒိယဈေးကွက်ပြိုင်ဆိုင်ရေးကော်မရှင်က ဒေါ်လာ ၁၆၁.၉ သန်းဒဏ်ရိုက်ခဲ့တာပါ။ ဈေးကွက်ပြိုင်ဆိုင်ရေးကော်မရှင်ရဲ့အဆိုအရ Google ရဲ့ စီးပွားရေးမော်ဒယ်ဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို လူများများအသုံးပြုရေးအပေါ် အခြေပြုပါတယ်။ ဒီအတွက် Search ၊ Chrome နဲ့ တခြား Google Services တွေ အသုံးပြုသူတွေဆီက အချက်အလက်တွေ ရယူပြီး ဒီအချက်အလက်တွေကို ကြော်ငြာရေးမှာ သုံးတယ်လို့ ဆိုပါတယ်။
Photo: Engadget
ဒါ့အပြင် Google ဟာ ထုတ်ကုန်ထုတ်လုပ်သူတွေနဲ့ သဘောတူညီမှုယူပြီး Google apps နဲ့ services တွေကို Preinstall သွင်းဖို့ သဘောတူညီမှု လုပ်ထားခြင်းအားဖြင့် ပြိုင်ဆိုင်မှုကနေ အသာစီးယူတယ်လို့လည်း ပြိုင်ဆိုင်မှုကော်မရှင်က ပြောပါတယ်။ Google apps တွေကို ဖုန်းတွေမှာ preinstall သွင်းစေခြင်းအားဖြင့်Google Services တွေပေါ် မှီခိုမှုနည်းတဲ့ တခြား Android မျိုးကွဲတွေ ဖွံဖြိုးရေးကို အကြီးအကျယ် အားလျော့စေတယ်လို့လည်း ဆိုပါတယ်။
Play Store သွင်းထားတဲ့ ဖုန်းတွေမှာ Google Chrome နဲ့ YouTube လို Apps တွေ ထည့်သွင်းစေပြီး Home Screen ပေါ်က သိသာထင်ရှားတဲ့နေရာမှာ ထားရှိစေတာပါ။ Firefox နဲ့ Vimeo တို့လို တခြား Services တွေ ထည့်သွင်းလို့ရပေမယ့် ဒီ Apps တွေက တစ်ခါတည်း ပါဝင်လာတာ မဟုတ်ပါဘူး။ ထုတ်ကုန်ထုတ်လုပ်သူတွေအနေနဲ့ ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိစေချင်ပါက Android Open Source Project (AOSP) ကို သုံးနိုင်ပေမယ့် တစ်ဖက်မှာလည်း Play Store ကို အသုံးပြုခွင့်ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
အိန္ဒိယအာဏာပိုင်တွေဟာ Google ရဲ့ Apps တွေကို PreInstalled သွင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို တားမြစ်မှုကို ဟန့်တားရပ်ဆိုင်းတဲ့အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီတွေကိုလည်း နှစ်သက်ရာ Apps ရွေးချယ်နိုင်ခွင့် ပေးထားပါတယ်။ Google ကိုလည်း Play Services framework ကို ဝင်ခွင့်ငြင်းဆိုမှုကို ခွင့်မပြုတော့ပါဘူး။ ဒါ့အပြင် Play Store ကနေ တခြား Third-party apps Store တွေ ဖြန့်ဖြူးခွင့်ပြုထားပါတယ်။ အသုံးပြုသူတွေကိုလည်း သူတို့ရဲ့ Search Engine ကို တပ်ဆင်မှု ရွေးချယ်ခွင့်နဲ့ မလိုချင်တဲ့ Google apps တွေ uninstall လုပ်ခွင့်လည်း ပေးထားပါတယ်။
Google ကို အိန္ဒိယဈေးကွက်ပြိုင်ဆိုင်ရေးကော်မရှင်က ၂၀၁၉ ခုနှစ်မှာ စတင်စုံစမ်းခဲ့တာဖြစ်ပေမယ့် ၂၀၂၁ စက်တင်ဘာအထိ Google ဟာ ဈေးကွက်ဩဇာကို တလွဲသုံးခဲ့ကြောင်း မဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အခုဒဏ်ရိုက်မှုဟာ Google အတွက် သိပ်ကြီးမားလှတယ်လို့ မဆိုနိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ်ထဲမှာ Google ဟာ ကမ္ဘာတလွှားဝင်ငွေ ဒေါ်လာ ၂၅၇.၆ ဘီလျံခန့် ဝင်ငွေရခဲ့ပါတယ်။ Google ဟာ ပြီးခဲ့တဲ့လထဲမှာ အန်းဒရိုက်ထုတ်လုပ်သူတွေနဲ့ ပတ်သက်ပြီး ဈေးကွက်ပြိုင်ဆိုင်ရေးချိုးဖောက်မှုနဲ့ ဥရောပတရားရုံးတစ်ခုမှာ ဒေါ်လာ ၄ ဘီလျံ ဒဏ်ရိုက်ခံခဲ့ရပါတယ်။