အိန္ဒိယမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး တစ်နိုင်ငံလုံးကို lockdown လုပ်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်မှုထိန်ချုပ်ဟန့်တားရေး lockdown အစီအမံကို လိုက်နာခြင်းမရှိတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၁၀ ဦးကို တောင်းပန်စာကြောင်း အကြိမ် ၅၀၀ ရေးခိုင်းခဲ့ကြောင်း တာဝန်ရှိသူတွေက ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။

(Photo: News18)

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ တစ်နိုင်ငံလုံးကို မတ်လ ၂၄ ရက်မှစပြီး စားသောက်ကုန်နဲ့ ဆေးဝါးဝယ်ယူရန်ကလွဲပြီး အသွားအလာ ပိတ်ပင်ကန့်သတ်ကာ သုံးပတ်ကြာ lockdown လုပ်ထားပါတယ်။ lockdown ကာလအတွင်း အိန္ဒိယမြောက်ပိုင်း အူတာရက်ခန်းပြည်နယ် Rishikesh မြို့မှာ လမ်းလျှောက်ထွက်နေတဲ့ နိုင်ငံခြားသား ခရီးသွားတွေကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။



အစ္စရေး၊ မက္ကစီကို၊ ဩစတြေးလျနဲ့ ဩစတြီးယား ကမ္ဘာလှည့်ခရီးသွားတွေကို ထိန်းသိမ်းခဲ့ပြီးနောက် "ကျွန်တော်/ကျွန်မ စည်းကမ်းမလိုက်နာခဲ့တာကြောင့် တောင်းပန်ပါတယ်" လို့ စာကြောင်း အကြိမ် ၅၀၀ ရေးစေခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့မှ အရာရှိ Vinod Sharma က ပြောပါတယ်။

(Photo: AFP via Getty Images)

ထိုဒေသတွင်းမှာ ရောက်ရှိနေထိုင်လျက်ရှိတဲ့ အမေရိကန်၊ ဩစတြေးလျ၊ မက္ကစီကိုနဲ့ အစ္စရေးတို့မှ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ၇၀၀ ကျော်ဟာ lockdown စည်းကမ်းတွေကို မလိုက်နာခဲ့ကြောင်းနဲ့ ၎င်းတို့ကို သင်ခန်းစာပေးရန် ပုံမှန်မဟုတ်တဲ့ အပြစ်ပေးမှုဖြင့် အရေးယူခဲ့ကြောင်း Vinod Sharma ကဆိုပါတယ်။

နိုင်ငံခြားသားများ ပြင်ပသွားလာပါက ဒေသခံတွေနဲ့အတူ သွားလာကြရန် ရဲတပ်ဖွဲ့က ဟိုတယ်တွေကို ညွှန်ကြားသွားမယ်လို့ သိရပါတယ်။ အိန္ဒိယမှာ မူလထုတ်ပြန်ချက်အရ ဧပြီ ၁၄ ရက်နေ့မှာ ပြီးဆုံးမယ့် တစ်နိုင်ငံလုံး သီတင်းသုံးပတ်ကြာ lockdown လုပ်ထားမှုကိုလည်း နောက်ထပ် နှစ်ပတ်ကြာ တိုးချဲ့သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

(Photo: AFP via Getty Images)

ဧပြီ ၁၂ ရက် ညပိုင်းအထိ စာရင်းတွေအရ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၉,၁၆၆ ဦးနဲ့ သေဆုံးသူ ၃၂၅ ဦးရှိပြီး ပြန်လည်သက်သာသူ အရေအတွက် ၁,၀၆၁ ဦး ဖြစ်ပါတယ်။ အိန္ဒိယမှာ lockdown လုပ်ထားမှုကြောင့် နေ့စားဝင်ငွေ ရှာဖွေရပ်တည်နေရတဲ့ ဆင်းရဲသားလူတန်းစားများ အခက်အခဲကြုံနေခဲ့ရပါတယ်။

မကြာသေးမီ မတ်လ ၃၀ ရက်နေ့မှာ lockdown ကာလကို တိုးချဲ့သွားမှာ မဟုတ်ကြောင်း အိန္ဒိယအစိုးရ ပြောခဲ့သေးပေမဲ့ ဝန်ကြီးချုပ်မိုဒီနဲ့ ပြည်နယ်ဝန်ကြီးချုပ်များ အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး‌နောက် lockdown လုပ်ထားမှုကို တိုးချဲ့သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

Source: AFP, News18


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က