ကုမ္ပဏီက စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်

အိန္ဒိယ Twitter သုံးစွဲသူတစ်ဦးဟာ Poco M3 ဖုန်း မီးလောင်ပေါက်ကွဲမှုဖြစ်တဲ့အကြောင်း Tweet တင်ခဲ့ပါတယ်။ 

Mahesh (@Mahesh08716488) နာမည်နဲ့ Twitter သုံးစွဲသူက သူ့အကိုရဲ့ Poco M3 မီးလောင်ပေါက်ကွဲတဲ့အကြောင်းကို ပုံနဲ့တကွ Tweet တင်ခဲ့တာ ဖြစ်ပါတယ်။ ဖုန်းပေါက်ကွဲရတဲ့အကြောင်းရင်းကို ပြောကြားခြင်းမရှိခဲ့ပါဘူး။ အခုတော့ သူ့ရဲ့ Tweet ကို ပြန် Delete လုပ်ထားတာ တွေ့ရပါတယ်။ 



Photo; jsnewstimes


Poco ဖုန်းကုမ္ပဏီကတော့ ဒီဖြစ်စဉ်ကို သိရှိကြောင်းနဲ့ ဖောက်သည်ဘေးကင်းမှုက အလွန်အရေးကြီးကြောင်း Tweet ကို reply ပြန်ခဲ့ပါတယ်။ "Poco India မှာ ဖောက်သည်ဘေးကင်းမှုက ထိပ်တန်းအရေးကြီးဆုံးကိစ္စပါ။ အခုလို ကိစ္စတွေကို အလွန်ပဲ အလေးအနက် ကိုင်တွယ်ပါတယ်။" လို့ ရေးထားပါတယ်။

India Today Tech ကို ပြောကြားရမှာတော့ Poco ဟာ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီး သုံးစွဲသူနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောထားပါတယ်။အခုအခြေအနေအတွက် အဖြေရှာချင်ပြီး ကုမ္ပဏီရဲ့ Service Center ကို လာရောက်ဖို့လည်း စောင့်နေတယ်လို့ Poco ကုမ္ပဏီက ပြောပါတယ်။ ဒီနှစ်ထဲမှာပဲ Poco X3 Pro မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အဲ့ဒီအချိန်က ဖောက်သည်ကြောင့် ဖြစ်ရတဲ့ပျက်စီးမှုလို့ ကုမ္ပဏီဘက်က ပြောခဲ့ပါတယ်။ 

အဲ့ဒီတုန်းက ထုတ်ပြန်ချက်မှာ ဝယ်သူဟာ Liquid Crystal Module (LCM) ကို တရားဝင်မဟုတ်တဲ့ Unauthrized Store မှာ သွားပြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လထဲမှာကို အိန္ဒိယမှာ Xiaomi Mi 11 Lite 4G နဲ့ OnePlus Nord 2 5G တို့ မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က