အိန္ဒိယမှာကူးစက်နေတဲ့ ကိုဗစ်ဗီဇပြောင်းအိုမီခရွန်ကြောင့် ကလေးမြို့ ပြည်တွင်းလေကြောင်းခရီးစဥ်များ ယာယီရပ်ဆိုင်းတဲ့ သတင်းအပါအဝင် ဒီတစ်ပတ်အတွင်း နောက်ဆုံးရခရီးသွား သတင်းများကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
ဖော်ပြပါ ခရီးသွားဆိုင်ရာသတင်းအချက်လက်များကို Duwun နဲ့ Flymya တို့မှ ပူးပေါင်းတင်ဆက်ပေးထားခြင်းဖြစ်ပြီး ပိုမိုသိရှိလိုပါက Flymya သို့ဆက်သွယ်ရန် ဒီလင့်ခ် ကိုနှိပ်ပါ။
ကလေးမြို့ ပြည်တွင်းလေကြောင်းခရီးစဥ်များ ယာယီရပ်ဆိုင်း
ဒီဇင်ဘာ ၆ ရက်စပြီး ကလေးမြို့ လေဆိပ်ကို ယာယီပိတ်ထားလိုက်ပြီး ကလေးမြို့ကို ပြေးဆွဲမယ့် ပြည်တွင်းလေကြောင်း ခရီးစဥ်တွေလည်း ယာယီရပ်ဆိုင်းလိုက်ပြီလို့သိရပါတယ်။
ကိုဗစ်မျိုးရိုးဗီဇပြောင်း Omicronတွေ့ရှိတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ အိန္ဒိယနိုင်ငံပါဝင်နေတာကို တွေ့ရတာကြောင့် မြန်မာနဲ့ အိန္ဒိယ နယ်စပ်ဒေသတွေက ခရီးသွားတွေ လိုက်ပါစီးနင်းတဲ့ ကလေးမြို့ ပြည်တွင်းလေကြောင်းကတစ်ဆင့် ရောဂါပိုး ဝင်ရောက်မှု ထိန်းချုပ်နိုင်ဖို့ အတွက် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်တာပါ။
ဓာတ်ပုံ- ကလေးလေဆိပ်ကိုတွေ့ရစဥ်။
ကိုဗစ်ကန့်သတ်ချက်တွေကို ဒီဇင်ဘာလကုန်အထိထပ်မံတိုးမြှင့်ပြန်
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကြိုတင်ကာကွယ်ရေးဆိုင်ရာကန့်သတ်ချက်တွေကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ကိုဗစ်ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနဲ့ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန်အတွက် ထိရောက်တဲ့ အစီအမံတွေကို ဆက်လက်ချမှတ်ဆောင်ရွက်နိုင်ရန် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အားလုံးကို ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်တာပါ။
သံတမန်တွေ၊ အစိုးရတာဝန်တွေနဲ့ မလွှဲမရှောင်သာ ကိစ္စတွေကြောင့် ပြည်တွင်းကိုလာရောက်မယ့်သူတွေအနေနဲ့ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားဆဲ ရန်ကုန်လေဆိပ်။
COVAXIN ထိုးထားတဲ့ခရီးသည်တွေကိုလည်း မြန်မာနိုင်ငံတွင်းဝင်ခွင့်ပြုမည်
အိန္ဒိယနိုင်ငံ Bharat Biotech ကုမ္ပဏီက ထုတ်လုပ်တဲ့ COVAXIN ကာကွယ်ဆေးကို မြန်မာနိုင်ငံတွင်း ဝင်ရောက်မယ့် ခရီးသည်တွေအတွက် ခွင့်ပြုထားတဲ့ ကာကွယ်ဆေးစာရင်းမှာ ထည့်သွင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVAXIN ကာကွယ်ဆေးကို အသိအမှတ်ပြုကြောင်းထုတ်ပြန်ပြီးနောက် အခုလို ထည်သွင်းလိုက်တာဖြစ်ပြီး ကာကွယ်ဆေးထိုးထားတဲ့ ခရီးသည်တွေအနေနဲ့ မြန်မာနိုင်ငံကို မလာမီ လွန်ခဲ့တဲ့ (၁၄) ရက်ကျော်က ဆေးအကြိမ်ပြည့်ထိုးနှံထားတဲ့ ကာကွယ်ဆေးထိုး အထောက်အထားလက်မှတ်ပြသရမှာဖြစ်ပါတယ်။
ဓာတ်ပုံ- The New Indian Press
ရန်ကုန်-ချန်နိုင်းကယ်ဆယ်ရေးလေယာဥ်တွေကို ဒီဇင်ဘာ ၁၅ ရက်နဲ့ ၂၉ ရက်နေ့မှာ ပြေးဆွဲမည်
ရန်ကုန်- ချန်နိုင်းကယ်ဆယ်ရေးလေယာဥ်တွေကို ဒီဇင်ဘာ ၁၅ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ MAI လေကြောင်းလိုင်းက ပြေးဆွဲမယ်လို့ သိရပါတယ်။
ခရီးသည်တွေအနေနဲ့ ခရီးသွားကန့်သတ်ချက်တွေအားလုံးကို သေချာလိုက်နာပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ချမှတ်ထားတဲ့ စည်မျဥ်းတွေကိုလိုက်နာဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။
လေယာဥ်လက်မှတ်ကြိုတင်ဝယ်ယူလိုသူတွေအနေနဲ့ MAI ရုံးတွေမှာ ဝယ်ယူနိုင်သလို Flymya ရဲ့ ဒီလင့်ခ် ကတစ်ဆင့်လည်း ဝယ်ယူနိုင်ပါတယ်။
ရန်ကုန်-ကွာလာလမ်ပူ ကယ်ဆယ်ရေးလေယာဥ်တွေကို နေ့စဥ်ပြေးဆွဲပေးတော့မည်
ရန်ကုန်-ကွာလာလမ်ပူ ကယ်ဆယ်ေရးလေယာဥ်တွေကို ဒီဇင်ဘာ ၁၅ရက်နေ့မှ စတင်ကာ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နေ့စဥ်ပြေးဆွဲပေးတော့မယ်လို့ ကြေညာထားပါတယ်။
One Way လက်မှတ်ဈေးနှုန်းကို ဒေါ်လာ 190 မှစတင်မည်ဖြစ်ပြီး ခရီးစဉ် နေ့ရက် နှင့် အချိန်ကို www.flymna.com/plan-a-trip/flight-schedule မှာ အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံမှ အခြားနိုင်ငံသို့သွားရောက်မည့်
ခရီးသည်များအနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံမှ လိုအပ်တဲ့ အထောက်အထားတွေ Hard Copy ယူလာဖို့၊ COVID-19 Restriction သက်မှတ်ချက်တွေကို ကိုအတိအကျလိုက်နာဆောင်ရွက်ဖို့ အသိပေးထားပါတယ်။
ခရီးစဉ်တွင် လိုက်ပါလိုသူများအနေနဲ့ အသေးစိတ်အချက်အလက်တွေကို MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဓာတ်ပုံ- မလေးရှားနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဥ််််နဲ့ပြန်လာသော မြန်မာနိုင်ငံသားများ (မလေးရှားသံရုံး)
ခရီးသွားခြင်းဆိုင်ရာ အချက်အလက်များအတွက် အသေးစိတ်သိရှိလိုပါက
· Hot Line: +95 1 3500666 , +95 9 797 97 8888
· Website: www.flymya.com
· Email: booking@flymya.co, info@flymya.co
· Facebook Messenger: m.me/flymyatravels
· Join us on Telegram: t.m/flymya တို့တွင် ဆက်လက်စုံစမ်းနိုင်ပါတယ်။
Share