အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ဖိတ်ခေါ်ပြိုင်ပွဲ Hero-Tri-Nation Friendly Tournament ကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူစာရင်းကို နည်းပြသစ်ဖြစ်သူ မိုက်ကယ်ဖိက်တန်ဘိုင်နာက ထုတ်ပြန်ခဲ့ရာမှာတော့ လက်ရွေးစင်အသင်းနဲ့ အတန်ငယ်ဝေးကွာနေတဲ့ တိုက်စစ်မှူးအောင်သူ ပြန်လည်ပါဝင်လာတာကို တွေ့ရှိရပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်ပထွက်ကစားနေတဲ့ ကစားသမားတွေ အများစုကို အားပြုမယ့်အနေအထားမှာ ရှိနေပါတယ်။ ဒီပြိုင်ပွဲကိုတော့ မတ်လ ၂၅ ရက်နေ့မှာ အိန္ဒိယ၊ ၂၈ ရက်နေ့မှာ ကာဂျစ္စတန်တို့နဲ့ အင်ဖာမြို့မှာ ကစားသွားမယ်လို့ သိရပါတယ်။
ဂိုး – ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ)
နောက်တန်း -ဟိန်းဖြိုးဝင်း (Ratchaburi FC)၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံ အက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန် ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)
အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား ယူနိုက်တက်)၊ ရန်နိုင်ဦး ၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM FC)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ လွင်မိုးအောင် (Rayong FC)၊ မောင်မောင်လွင် (Lamphun Warriors FC)၊ ဟိန်းထက်အောင် (Selangor FC)၊ ငြိမ်းချမ်းအောင် (Muang Trang United)
ရှေ့တန်း – ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ အောင်ကောင်းမာန် (Customs United)၊ သန်းပိုင် (Kanchanaburi FC)၊ အောင်သူ (Lamphun Warriors FC) တို့ကို ရွေးချယ်ထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။
ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ အောင်ကောင်းမာန်၊ ငြိမ်းချမ်းအောင်၊ သန်းပိုင်၊ အောင်သူတို့ကတော့ ပြည်ပထွက်ကစားနေကြတာဖြစ်ပါတယ်။ မြန်မာအသင်းနည်းပြအဖြစ် ဖိုက်တန်ဘိုင်နာကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်ထားတာဖြစ်ပြီး ဂျာမနီလူမျိုးဖြစ်ကာ နိုင်ငံအများအပြားမှာ သူက နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။
ဒီပြိုင်ပွဲကတော့ သူ့ရဲ့ မြန်မာလက်ရွေးစင်နည်းပြဘ၀ ပထမဆုံးသော ပြိုင်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ကာလတွေမှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့ လက်ရွေးစင်အသင်းကို သူ ဘယ်လိုတွေပြောင်းလဲပေးနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။